နီပေါတွင် ပထမဆုံး အမျိုးသမီးသမ္မတ ခန့်အပ်

နီပေါနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတ ဗီယာ ဘန်ဒါရီ(လယ်)။ (ဓာတ်ပုံ - ရိုက်တာ)
815
နီပေါနိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတကို အောက်တိုဘာ ၂၈ ရက်နေ့က ခန့်အပ်လိုက်ပါတယ်။
လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ဗီယာ ဘန်ဒါရီ (Vidya Bhandari) က ကွန်ဂရက်အမတ် ကူ ဘာဟာဒါ ဂူရန်း (Kul Bahadur Gurung) ကို ၃၂၇ မဲ၊ ၂၁၄ မဲနဲ့ အနိုင်ရပြီး နီပေါရဲ့ ဒုတိယမြောက်သမ္မတ ဖြစ်လာပါတယ်။
ဘန်ဒါရီဟာ ကွယ်လွန်သူ နီပေါ ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူုး မာဒန် ဘန်ဒါရီ (Madan Bhandari) ရဲ့ ဇနီးလည်း ဖြစ်ပါတယ်။
သမ္မတအဖြစ် ရွေးချယ်ခံရအပြီး ပြောကြားတဲ့ မိန့်ခွန်းမှာ ဘန်ဒါရီက နီပေါ ဖွဲ့စည်းပုံအခြေခံအရ နီပေါရဲ့ အချုပ်အခြာအာဏာ၊ စည်းလုံးညီညွတ်မှုနဲ့ လွတ်လပ်မှုတွေ ရေချိန်မြင့်တက်လာလိမ့်မယ်လို့ ဆိုပါတယ်။
ဘန်ဒါရီဟာ သမ္မတလောင်းအဖြစ် ၀င်မပြိုင်ခင်အထိ နီပေါ ကွန်မြူနစ်ပါတီ ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။