ဘုန်းမောက်ကိုနိုင်ပြီး လီဗာပူး ကက်ပီတယ်ဝမ်း ကွာတားဖိုင်နယ်တက် (ရုပ်သံဟိုက်လိုက်)

4.1K
အောက်တိုဘာ ၂၈ ရက်ညက ယှဉ်ပြိုင်တဲ့ ကက်ပီတယ်ဝမ်းဖလားပွဲမှာ လီဗာပူးက ဘုန်းမောက်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပြီ ဖြစ်ပါတယ်။
လီဗာပူးအတွက် အနိုင်ဂိုးကိုတော့ ပွဲချိန် ၁၇ မိနစ်မှာ နာသန်နီရယ်ကလင်းက သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ၂ ဘက်အသင်း ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာခဲ့သလို ဘုန်းမောက်အသင်းကလည်း ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။
လီဗာပူးအသင်းက တိုက်စစ်မှူး ဘန်တီကီနဲ့ စတာရစ်ခ်ျတို့ ၂ ဦးလုံး ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရသလို ဘုန်းမောက်ကလည်း ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတာပါ။
လီဗာပူးနည်းပြအဖြစ် ကလော့ပ် တာဝန်ယူပြီးနောက် ပထမဆုံးနိုင်ပွဲရတဲ့ ပွဲတပွဲလည်း ဖြစ်ခဲ့ပါတယ်။
ပထမဆုံးနိုင်ပွဲရတာက သရေထက် ပိုကောင်းသလို အနိုင်ရလဒ်အတွက် ကျေနပ်မိတယ်လို့ ကလောပ့်က ပြောပါတယ်။
အောက်တိုဘာ ၂၈ ရက်ညကပဲ ယှဉ်ပြိုင်သွားတဲ့ ကက်ပီတယ်ဝမ်းဖလား တခြားပွဲစဉ် ဆောက်သမ်တန်နဲ့ အက်စ်တွန်ဗီလာတို့ပွဲမှာ ဆောက်သမ်တန်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
လီဗာပူးနဲ့ ဆောက်သမ်တို့ဟာ ကက်ပီဝမ်းဖလား ကွာတားဖိုင်နယ်မှာ တွေ့ဆုံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။