ကက်ပီတယ်ဝမ်းဖလားပွဲ မန်စီးတီး ဂိုးပြတ်ဖြင့် ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

3.7K
ကွာတားဖိုင်နယ်ကို တက်ရောက်မယ့် ကက်ပီတယ်ဝမ်းဖလား အဆုံးအဖြတ် ပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ အောက်တိုဘာ ၂၈ ရက်ညက ယှဉ်ပြိုင်ရာ မန်စီးတီးအသင်းက ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။
ပထမပိုင်း ၂၂ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် ဘိုနီက ခေါင်းတိုက်ပြီး မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒီနောက် ဒီဘရွန်းက ဒုတိယဂိုး သွင်းယူပြီး ပထမပိုင်းမှာ မန်စီးတီးက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၅၉ မိနစ်မှာ ကလပ်ချီအင်နာချိုက တတိယဂိုး၊ ယာယာတိုရေးက ပင်နယ်တီကနေတဆင့် စတုတ္ထဂိုးနဲ့ ဂါစီယာအလွန်ဆိုက မိနစ် ၉၀ မှာ ပဉ္စမမြောက်ဂိုးတွေကို သွင်းယူပါတယ်။
ပဲလေ့စ်အတွက် နှစ်သိမ့်ဂိုးကိုတော့ ဒုတိယပိုင်း ၈၉ မိနစ်မှာ ဒီလာနီက သွင်းယူပါတယ်။
ပွဲအပြီးမှာတော့ မန်စီးတီးနည်းပြက ကလပ်ချီရဲ့ ကစားပုံကို အထူးချီးကျူး ပြောဆိုခဲ့ပါတယ်။
ကွာတားဖိုင်နယ်မှာတော့ မန်စီးတီးက ဟားလ်စီးတီးနဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။