A d v e r t i s e m e n t With Us

အမေရိကန် လမ်းမကြီးတခုပေါ် တွင်းနက်ကြီးပေါ်ပေါက်၊ ကားတစီးထိုးကျ (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်အလယ်ပိုင်းက လမ်းမကြီးတခုပေါ်မှာ အောက်တိုဘာ ၂၆ ရက်နေ့က တွင်းနက်ကြီးတခုပေါ်လာခဲ့ပြီး ကားတစီးဟာ ထိုးကျသွားခဲ့ပါတယ်။ အဲဒီနေရာဟာ ဖလော်ရီဒါပြည်နယ်မြို့တော် မိတ်လန်းမြို့အနီး ဆင်ခြေဖုံးအရပ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတခုအနီးမှာ ရှိနေတာဖြစ်ပြီး တွင်းနက်ကြီးဟာ အဲဒီနေ့ကမှ ရုတ်တရက်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေနဲ့ပတ်သက်ပြီး လောလောဆယ်မသိသေးဘူးလို့ ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကပြောပါတယ်။ လောလောဆယ်မှာတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ မိတ်လန်းမြို့ရဲတွေနဲ့ ဖလော်ရီဒါပြည်နယ်ပို့ဆောင်ရေး ဌာနကပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up