ကမ္ဘာ့အကြီးဆုံး ထမင်းကြော်ပန်းကန်အဖြစ် စံချိန်တင်ရန် ကြိုးပမ်းမှု မအောင်မြင်

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရန်ကျိုးမြို့မှာ အောက်တိုဘာ ၂၂ ရက်နေ့က စားဖိုမှူး အယောက် ၃၀၀ ပါဝင်တဲ့အဖွဲ့တဖွဲ့ဟာ ကမ္ဘာ့အကြီးဆုံး ထမင်းကြော်ပန်းကန်အဖြစ် စံ ချိန်တင်ဖို့ကြိုးစားခဲ့ကြပေမယ့် ထမင်းကြော်ဟာ လူတွေစားသုံးဖို့ မသင့်တဲ့အတွက် ဂင်းနစ်ကမ္ဘာ့စံချိန်ဝင် အကဲဖြတ်အဖွဲ့တွေက စိတ်ပျက်ခဲ့ကြရပါတယ်။ အဲဒီထမင်းကြော်ပန်းကန်လုံးဟာ အလေးချိန် ၉၂၄၂ ပေါင်နီးပါးရှိပြီး လက်ရှိစံချိန် တင်ထားတဲ့စံချိန်ကို ချိုးနိုင်ဖို့ ကြိုးစားခဲ့ကြတာလို့ ဟပ်ဖင်တန်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိစံချိန်တင်ထားတဲ့ ကမ္ဘာ့အကြီးဆုံးထမင်းကြော်ပန်းကန်လုံးဟာ အလေးချိန် ၆၉၄၄ ပေါင်ရှိပြီး တူရကီနိုင်ငံ စားဖိုမှူးများအသင်းက ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ စံချိန်တင်ထားခဲ့တာပါ။ တရုတ်နိုင်ငံမှအဖွဲ့ဟာ ကမ္ဘာ့အကြီးဆုံးထမင်းကြော်ပန်းကန်လုံးအဖြစ် အသိအ မှတ်ပြုလက်မှတ်ကို ရရှိခဲ့ပေမယ့် အဲဒီထမင်းကြော်ဟာ ဂင်းနစ်အဖွဲ့ရဲ့ စည်းမျဉ်းစည်း ကမ်းနဲ့ မညီတဲ့အပြင် လူတွေစားသုံးဖို့ မသင့်တော်ဘူးလို့ ဂင်းနစ်အဖွဲ့ရဲ့ သတင်းထုတ် ပြန်ချက်မှာ တရုတ်နိုင်ငံဆိုင်ရာ ဈေးကွက်ဒါရိုက်တာ ရှာရွန်ယန်းက ပြောပါတယ်။ ထမင်းကြော်ဖို့ အဲဒီထမင်းတွေပေါ်မှာ အလုပ်သမားတွေက နင်းချေနေပုံတွေကို မျက်မြင်တွေ့ရှိသူတွေက ဗွီဒီယိုဖိုင်တွေကို အင်တာနက်စာမျက်နှာတွေပေါ်တင်လိုက် ချိန်မှာ အငြင်းပွားဖွယ်ဖြစ်လာခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ဒါပေမယ့် ရန်ကျိုး စားဖိုမှူးများအသင်းမှ တာဝန်ရှိသူတွေကတော့ အဲဒီထမင်း ကြော်ရဲ့ အပေါ်ယံလွှာတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက်  ဖယ်ထုတ်ပစ်ခဲ့တယ်လို့ ပြောပါတယ်။ တရုတ်ပြည်သူ့နေ့စဉ်သတင်း အယ်ဒီတာ့အာဘော်မှာတော့ ခုလို အစား အသောက်တွေကို ငွေကုန်ကြေးကျခံလုပ်ခဲ့တဲ့ အဲဒီကြိုးပမ်းမှုကို ဖြုန်းတီးမှု အဖြစ် ယူဆတယ်လို့ သုံးသပ်ရေးသားထားပါတယ်။ ပွဲစီစဉ်သူတွေက အလေးချိန်ကီလိုဂရမ် ၁၅၀ ကျော်ရှိတဲ့ အဲဒီထမင်းကြော်တွေကို စွန့်ပစ်မှာမဟုတ်ပဲ ၀က်မွေးမြူရေးခြံတွေဆီ ပို့ပေးသွားမယ်လို့ ဆိုပါတယ်။ စီအန်အန်ရဲ့အဆိုအရ အဲဒီစံချိန်တင်ပွဲဖြစ်မြေက်ဖို့အတွက် မြို့တော်အနေနဲ့ အမေရိကန်ဒေါ်လာ ၂၂၀၀၀ ၀န်းကျင် ကုန်ကျခံခဲ့ရတယ်လို့ ပြောပါတယ်။ ဓာတ်ပုံ - MAGINECHINACORBIS  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up