နစ်မြုပ်တိုက်တန်းနစ်ပေါ်မှ ကြွင်းကျန်ဘီစကစ် ဒေါ်လာ ၂၃၀၀၀ ဖြင့် လေလံအောင်

1.2K
ဗြိတိန်လေလံပွဲတခုမှာ ၁၉၁၂ ခုနှစ်က နစ်မြုပ်သွားခဲ့တဲ့ တိုက်တန်းနစ်သင်္ဘော ကြီးပေါ်မှ ကြွင်းကျန်ခဲ့တဲ့ ဘီစကစ်ကို အမေရိကန်ဒေါ်လာ ၂ သောင်း ၃ ထောင်နဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ၊ ဒယ်ဗိုက်ဇ်မြို့၊ ဟင်နရီအောလ်ဒရစ်ခ်ျနဲ့ သားလေလံလုပ်ငန်းမှာ ပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ အဲဒီဘီစကစ်ကို ဂရိရှေးဟောင်းပစ္စည်းစုဆောင်းသူတဦးက ၀ယ်ယူခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။
အဲဒီဘီစကစ်ဟာ The Spillers and Bakers Pilot အမှတ်တံဆိပ်ဖြစ်ပြီး တိုက် တန်းနစ်သင်္ဘောနစ်မြုပ်ချိန်မှာ အသက်ကယ်လှေနဲ့အတူကြွင်းကျန်နေခဲ့တာပါ။
လေလံပစ်သူ အန်ဒရူးအောလ်ဒရစ်ခ်ျက ဒီဘီစကစ်ဟာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဘီစကစ်အဖြစ်အမည်ရသွားပြီလို့ ပြောခဲ့ပါတယ်။
တိုက်တန်းနစ်သင်္ဘော နစ်မြုပ်ချိန်မှာ ပါဝင်ခဲ့တဲ့ ဂျိမ်းစ်ဖန်ဝစ်ခ်ျအမည်ရတဲ့ ခရီးသည်က အဲဒီဘီစကစ်ကို သူနဲ့အတူသယ်ဆောင်လာ ခဲ့တာလို့ လေလံပစ်သူတွေက ပြောပါတယ်။
သူဟာ “တိုက်တန်းနစ်အသက်ကယ်လှေပေါ်မှ ပိုင်းလော့ဘီစကစ်၊ ဧပြီလ၊ ၁၉၁၂” လို့ နာမည်ရေးထိုးထားတဲ့စာအိတ်ထဲမှာ ထည့်ပြီးသိမ်းဆည်းခဲ့တာဖြစ်တယ် လို့ သတင်းမှာ ဖော်ပြပါတယ်။