A d v e r t i s e m e n t With Us

ထိုင်းက ဆုတောင်းပြည့် အရှည်ဆုံး ၀ါးတံတားကျိုးကျ

အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းမှာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်က အရှည်ဆုံး ၀ါးတံတား ကျိုးသွားတဲ့အတွက် သံဃာတွေကို လှူဖွယ်ပစ္စည်းတွေ လှူဒါန်းဖို့ စောင့်နေတဲ့သူတွေ ဒဏ်ရာရရှိခဲ့ပါတယ်။ ဆုတောင်းပြည့်တံတား ပြိုကျသွားတာဖြစ်ပြီး ၂ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတယ်လို့ ထိုင်း ဘန်ကောက်ပိုစ်သတင်းစာမှာ ရေးပါတယ်။ 1326260၀ါကျွတ်ပြီ ဖြစ်တဲ့အတွက် လူအမြောက်အမြား တံတားကို ရောက်ရှိနေသလို သံဃာတော် ၂၉ ပါးက တံတားပေါ် ရောက်ရှိနေချိန်မှာ တံတားကျိုးကျခဲ့တာ ဖြစ်ပါတယ်။ လူအမြောက်အမြား တံတားပေါ်ကို ရောက်လာတဲ့အတွက် ကျိုးကျသွားရတာလို့ ဆိုပါတယ်။ အများစုကတော့ သာမန် ဒဏ်ရာလောက်သာရရှိခဲ့ပေမယ့် ကွန်ကရစ်တိုင်ကြောင့် အမျိုးသားနဲ့ အမျိုးသမီး တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့ကို ဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်။ ဆုတောင်းပြည့်တံတားက ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာဖြစ်ပြီး အောင်မြင်ခြင်း အဓိပ္ပာယ်ရတယ်လို့ ဆိုပါတယ်။ တံတားကို ဒေသခံနဲ့ သံဃာတော်တွေက မယ်ဆာငါ မြစ်ကို ဖြတ်ဖို့အတွက် ဆောက်လုပ်ပေးထားတာ ဖြစ်ပါတယ်။ [caption id="attachment_118994" align="aligncenter" width="620"](Photo by Cheewin Sattha)  (Photo by Cheewin Sattha)[/caption] ပြီးခဲ့တဲ့ သြဂုတ်လက မယ်ဟောင်ဆောင်မှာ ရေကြီးစဉ်ကလည်း တံတားက ထိခိုက်ခဲ့ပြီး အနည်းငယ်ပြုပြင်ခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up