A d v e r t i s e m e n t With Us

လစ်ဗျားရဟတ်ယာဉ် ပစ်ချခံရ၊ တပ်မှူးအများအပြား သေဆုံး

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီမှာ တပ်စွဲထားပြီး အစိုးရလို့ ကြေညာထားတဲ့အဖွဲ့က စစ်ဘက် အကြီးတန်းတပ်မှူး အတော်များများပါတဲ့ ရဟတ်ယာဉ် အောက်တိုဘာ ၂၇ ရက်နေ့က ပစ်ချခံရလို့ တပ်မှူးအတော်များများ သေဆုံးသွားပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အရေးပေါ် ဆေးဘက်ဝန်ဆောင်မှုအတွက် ပျံတက်သွားတဲ့ ရဟတ်ယာဉ် ပစ်ချခံရတာလို့ ထရီပိုလီအခြေစိုက် စစ်ဦးစီးအရာရှိချုပ်ရဲ့ ပြောခွင့်ရ အလီ အယ်လ် ရှိတ်ခီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကုန်းလမ်းကသွားရင် လူတွေအတွက် အသတ်ခံ ပြန်ပေးဆွဲခံရတာ စတဲ့ ဘေးတွေရှိလို့ မြို့တော် အနောက်ပိုင်းဒေသက လူတွေအတွက် ကုန်စည်တွေနဲ့ လူတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ရဟတ်ယာဉ် ဖြစ်တယ်လို့ ပြောပါတယ်။ ဆော်မန်မြို့ကနေ ထရီပိုလီကို အပြန်လမ်းက မာယာဒေသကို ဖြတ်ပျံတုန်း ပြိုင်ဘက်အဖွဲ့  ပစ်ချခံရတာလို့ ပြောပါတယ်။ အာဏာရှင် မွတ်မာ ကဒါဖီ ကျဆုံးအပြီး လစ်ဗျားနိုင်ငံမှာ မြို့တော် ထရီပိုလီ အခြေစိုက် အစိုးရနဲ့ နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အစိုးရဆိုပြီး အစိုးရ ၂ ရပ် ကွဲနေတာပါ။ ပြန်ပေါင်းစည်းထားတဲ့ စီမံအုပ်ချုပ်မှု ဖွဲ့စည်းရေး ကုလသမဂ္ဂက ညှိနှိုင်းပေးနေတုန်းမှာ ခုလိုဖြစ်တာပါ။ ၂ ဘက်လုံးက အမာခံတွေက ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မခံဘဲ ဘယ်လို အကြမ်းဖက်မှုမဆို ဆွေးနွေးပွဲကို စိန်ခေါ်မယ့် ဆင်ခြေအဖြစ် ရှုမြင်နေကြပါတယ်။ နိုင်ငံတကာ လူ့အဖွဲ့အစည်းက လစ်ဗျား အကွဲအပြဲကို အဆုံးသတ်ရေး ကုလသမဂ္ဂ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ လစ်ဗျားက အဖွဲ့တွေကို ပြင်းပြင်းထန်ထန် တွန်းအားပေးနေပါတယ်။ ဗရမ်းဗတာ ဖြစ်နေချိန်ကို အခွင့်ကောင်းယူပြီး အိုင်အက်စ် စစ်သွေးကြွတွေက နယ်မြေတွေကို သိမ်းယူနေတာပါ။ လူကုန်ကူးသူတွေကလည်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဥရောပဆီ သင်္ဘောတွေနဲ့ ပို့ဆောင် လူကုန်ကူးနေလို့ အနောက်နိုင်ငံ အရာရှိတွေက လစ်ဗျားအကွဲအပြဲကို စိုးရိမ်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up