လောင်းလုံမြို့နယ်တွင် မီးပုံးပျံလွှတ်ပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
October 28, 2015
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ကမြောကြီးရွာနဲ့ကဘူရွာမှာ ၁၂ ကြိမ်မြောက် မီးပုံးပျံလွှတ်ပွဲတော်ကို အောက်တိုဘာ ၂၈ မနက် ၈ နာရီက ကဘူတောင်မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါမီးပုံးပျံလွှတ်ပွဲမှာ အချင်း ၁၅၄ ပေရှိ မီးပုံးပျံကြီးမဲ့ အရန်မီးပုံးပျံတွေကို လွှတ်တင်ခဲ့ကြပါတယ်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကိုနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ ဒေသခံပြည်သူတွေ တက်ရောက်အားပေးခဲ့ကြပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)