အမေရိကန်နိုင်ငံတွင် ကားတစီး အိမ်ထဲဝင်တိုက်၊ လူ ၂ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
1.4K
အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ အလက်ဇန္ဒြီးယားမြို့မှာ အောက်တိုဘာ ၂၈ ရက်နေ့က အိမ်တလုံးထဲကို ကားတစီး ၀င်တိုက်မှုဖြစ်ခဲ့ပြီး လူ ၂ ဦး သေဆုံးသွားပါတယ်။
အဲဒီကားဟာ အရှိန်ပြင်းပြင်း မောင်းလာတာဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ မီးသတ်ဘုံပိုင်ခေါင်းကို ၀င်တိုက်ခဲ့ပြီးမှ အိမ်ထဲကို ထိုးဝင်သွားခဲ့တာလို့ မျက်မြင်သက်သေတဦးက အန်ဘီစီသတင်းကို ပြောပါတယ်။
ကားမောင်းသူဟာ နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကားပေါ်ပါလာတဲ့ ခရီးသည် တဦးကတော့ ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကားနဲ့ဝင်တိုက်မိချိန်မှာ အဲဒီအိမ်အတွင်းမှာတော့ လူတဦးတယောက်မှ ရှိမနေဘူးလို့ အန်ဘီစီသတင်းက ဆိုပါတယ်။