ပါကစ္စတန်၊ အာဖဂန်နစ္စတန် ငလျင်ဒဏ်ခံပြည်သူများကို ကူညီရေး အရှိန်မြှင့်

ဓာတ်ပုံ - ရိုက်တာ
1.9K
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့မှာ အင်အား ၇ ဒသမ ၅ ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဝေးလံတဲ့ ဒေသတွေမှာ ငလျင်ဒဏ်ခံပြည်သူတွေကို ကူညီကယ်ဆယ်ရေး အရှိန်မြှင့် ဆောင်ရွက်နေကြပါတယ်။
အဆိုပါငလျင်ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ အားလုံး ၃၆၀ ကျော်သွားပြီဖြစ်ပြီး အများစုက ပါကစ္စတန်နိုင်ငံက ဖြစ်ပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဝေးလံတဲ့ ဒေသတွေဆီ ထွက်ခွာနေကြပြီး အဲဒီဒေသတွေမှာ ငလျင်ဒဏ် အခြေအနေကို အသေအချာ မသိရသေးပါဘူး။
အဲ့ဒီဒေသတချို့ကို တာလီဘန်တွေက ထိန်းချုပ်ထားပြီး ထောက်ပံ့ရေးပစ္စည်းတွေကို ထိန်ချန်တာမျိုး မလုပ်ဖို့ တာလီဘန် အကြမ်းဖက်တွေက ကယ်ဆယ်ရေး အေဂျင်စီတွေကို တောင်းဆိုထားပါတယ်။
တာလီဘန်တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်လည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ တာလီဘန်တပ်ဖွဲ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမြောက်ပိုင်းက ကာရာကိုရမ် ရေခဲတောင်ဒေသမှာ ငလျင်ကြောင့် ရေခဲမြစ် အနည်းဆုံး ၂ စင်း ကျိုးပေါက်ခဲ့ပြီး အဲဒီကနေ ရေကြီးရေလျှံမှုတွေ ဖြစ်လာမှာကိုလည်း ပါကစ္စတန်ဒေသခံတွေက စိုးရိမ်နေကြပါတယ်။