တိရစ္ဆာန်များကို အိပ်မွေ့ချနိုင်သည့် ၅ နှစ်အရွယ် ကလေးငယ် (ရုပ်သံ)

3.5K
တရုတ်နိုင်ငံက အသက် ၅ နှစ်အရွယ် ကလေးမလေးဟာ တိရစ္ဆာန်တွေကို အိပ်မွေ့ချနိုင်တဲ့ စွမ်းရည် ရှိပါတယ်။
စီစီတီဗွီ သတင်းဌာနရဲ့ မဖြစ်နိုင်တဲ့ စိန်ခေါ်မှုများ စွမ်းရည်ပြပွဲမှာ ဟန်ဂျေးယင်းက တိရစ္ဆာန် ၅ မျိုးကို အိပ်မွေ့ချပြခဲ့ပါတယ်။
သူအိပ်မွေ့ချပြတဲ့ တိရစ္ဆာန်တွေထဲမှာ မိကျောင်းငယ်၊ ရေချိုပုဇွန်တမျိုး၊ အိမ်မြှောင်၊ ငှက်နဲ့ ခွေးတွေ ပါဝင်နေပါတယ်။ အိပ်မွေ့ချပြတဲ့ ရုပ်သံကို စီစီတီဗွီက ရိုက်ကူးပြီး ထုတ်လွှင့်ပြသခဲ့ပါတယ်။
အစောပိုင်းကလည်း တခြား တိရစ္ဆာန် ၅ မျိုးကို အိပ်မွေ့ချပြပြီးတဲ့နောက် အွန်လိုင်းမှာ လူသိများ ထင်ရှားလာတာ ဖြစ်ပါတယ်။