A d v e r t i s e m e n t With Us

ကိုကိုးကျွန်း မဲဆန္ဒရှင် ၁၅၀၀ ကျော်ထဲမှ ၁၂၀၀ ၀န်းကျင် စည်းရုံးခွင့်မရ

ရန်ကုန်တိုင်းတောင်ပိုင်း ကိုကိုးကျွန်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ ၁၅၀၀ ကျော်ရှိတဲ့အထဲက တပ်နယ်ထဲက မဲဆန္ဒရှင် ၁၂၀၀ ဝန်းကျင်လောက်ကို စည်းရုံးခွင့် မရရှိခဲ့ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။ ကိုကိုးကျွန်းမြို့မှာ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးချယ်ခံ မယ့် ဦးဝင်းမင်းဟာ အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက ကိုကိုးကျွန်းကို ရောက်ရှိခဲ့ပါတယ်။ ညနေပိုင်းမှာ မဲဆွယ်စည်းရုံးရေးကိုစတင်ခဲ့ရာမှာ ကန့်သက်နယ်မြေ တာဝန်မှအပ မဝင်ရ ဆိုတဲ့ ဆိုင်းဘုတ်အနီတော်တော်များရှိနေတာကြောင့်  ကန့်သတ်နယ်မြေအတွင်းမှာနေတဲ့ မဲဆန္ဒရှင်ပြည်သူတွေဖြစ်တဲ့ တပ်မတော်သားတွေကို မဲဆွယ်စည်းရုံးခွင့် မရရှိခဲ့ဘူးလို့ ဦးဝင်းမင်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up