A d v e r t i s e m e n t With Us

ပိတ်ထားသည့် လီဗာပူး ဘောလုံးကွင်း ပြန်ဖွင့်

လီဗာပူး အန်ဖီးဘောလုံးကွင်းကို လာရောက်လည်ပတ်တဲ့ ခရီးသွားအုပ်စုထဲက တဦး ပျောက်ဆုံးသွားတဲ့အတွက် ရှာဖွေရေးတွေ လုပ်ဆောင်ဖို့ ပိတ်ထားတဲ့ကွင်းကို ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။ လူတဦး ပျောက်ဆုံးသွားတယ်ဆိုတာ ကလပ်အသင်းကို အကြောင်းကြားခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၂၇ ရက်က ရှာဖွေရေးတွေ လုပ်ဆောင်ဖို့အတွက် ကွင်းကို ခေတ္တ ပိတ်ထားခဲ့ပါတယ်။ အခုချိန်မှာတော့ ကွင်းက ပြန်လည်စိတ်ချရပြီလို့ ယုံကြည်တဲ့အတွက် ပြန်လည်ဖွင့်လှစ်လိုက်တာလို့ ဆိုပါတယ်။ ကွင်းပြန်လည်ဖွင့်လှစ်ခဲ့တဲ့အတွက် အောက်တိုဘာ ၂၈ ရက်နေ့ ဘုန်းမောက်နဲ့ပွဲကို ကစားနိုင်မှာ ဖြစ်ပါတယ်။ ပျောက်ဆုံးသွားတဲ့ လူကိုတော့ ကွင်းအတွင်းမှာ ရှာမတွေ့ဘူးလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ နေ့လယ်ပိုင်းလောက်မှာ ကွင်းအတွင်း အချက်ပေးသံတွေ မြည်လာခဲ့ပြီး ရဲတပ်ဖွဲ့ ကား ၅ စီးနဲ့ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ အစောပိုင်းက သတင်းတွေအရ လူ ၂ ဦး ပျောက်ဆုံးသွားပေမယ့် နောက်ဆုံး ထုတ်ပြန်ချက်အရ လူ ၁ ဦးပဲ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up