A d v e r t i s e m e n t With Us

မူးယစ်ဆေးဝါးမှုဖြင့် ထောင်ချခံထားရသည့် ပြင်သစ်လေယာဉ်မှူး ၂ ဦးကို ဒိုမီနီကန်အစိုးရ ပြန်လွှတ်

ပြန်လွှတ်ပေးလိုက်သည့် ပြင်သစ်လေယာဉ်မှူး ၂ ဦး။ (ဓာတ်ပုံ - Getty Images)
၂၀၁၃ ခုနှစ်က ဒိုမီနီကန်သမ္မတနိုင်ငံ (Dominican Republic) မှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ပြင်သစ်လေယာဉ်မှူး ၂ ဦးကို ဒိုမီနီကန်အစိုးရက ပြန်လွှတ်ပေးလိုက်တယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့က ပြောပါတယ်။ ပြင်သစ်လေယာဉ်မှူး ၂ ဦးဟာ ကိုကင်းကီလို ၆၈၀ ကို ခရီးဆောင်သေတ္တာ ၂၆ လုံးနဲ့ သူတို့ရဲ့ လေယာဉ်ထဲ သယ်ဆောင်လာမှုနဲ့ ထောင်အနှစ် ၂၀ ပြစ်ဒဏ်ချခံရတာပါ။ သူတို့ ၂ ဦးအပြင် ပြင်သစ်ခရီးသည် ၂ ဦးကိုပါ ဖမ်းဆီးခဲ့ပြီး သူတို့အားလုံးက စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ကြပါတယ်။ ပြင်သစ်ရုပ်သံသတင်းဌာနတခုကတော့ လေယာဉ်မှူးတွေဟာ အရင်က ပြင်သစ်ရေတပ်ကဖြစ်ပြီး အရင် ပြင်သစ်ထောက်လှမ်းရေးတွေရဲ့ အကူအညီနဲ့ ဒိုမီနီကန်နိုင်ငံက ထွက်ခွာခွင့်ရခဲ့တာလို့ ပြောဆိုပါတယ်။ ပြင်သစ်အစိုးရကတော့ သူတို့ ၂ ဦး ပြန်လွတ်လာတာဟာ ပြင်သစ်အစိုးရနဲ့ မသက်ဆိုင်ဘူးလို့ ပြောပါတယ်။ သူတို့ ၂ ဦးရဲ့ ရှေ့နေကလည်း သူတို့ ၂ ဦးကို တရားဥပဒေကနေ ထွက်ပြေးလာတာမဟုတ်ဘဲ တရားဥပဒေကိုနဲ့ ရင်ဆိုင်ဖို့ ပြန်လာတာလို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up