A d v e r t i s e m e n t With Us

ဖီဖာ ငွေကြေးအရှုပ်တော်ပုံ စုံစမ်းစစ်ဆေးပြီ

ဓာတ်ပုံ - ရိုက်တာ
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ငွေကြေးအရှုပ်တော်ပုံကိစ္စကို လန်ဒန်က လိမ်လည်မှုတွေကို စစ်ဆေးတဲ့ အက်စ်အက်ဖ်အိုက စစ်ဆေးနေပြီ ဖြစ်ပါတယ်။ နွေရာသီကတည်းက ဖီဖာရဲ့ အကျင့်ပျက်ခြစားမှု ကိစ္စတွေဟာ အထူးအာရုံစိုက်စရာ ဖြစ်ခဲ့ပြီး အမေရိကန် တရားလိုတွေက ဖီဖာအရာရှိတွေကို စွဲဆိုထားပါတယ်။ ဒါပေမယ့် ဖီဖာရဲ့ အကျင့်ပျက်ခြစားမှု ဥပဒေတွေအရ အက်စ်အက်ဖ်အိုက တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ညွှန်ကြားရေးမှူး ဒေးဗစ်ဂရင်းက ပြောပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ ငွေကြေး ခ၀ါချမှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။ စွဲဆိုထားတဲ့ ငွေကြေးခ၀ါချမှုတွေမှာ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေးအတွက် ဆောင်ရွက်ချက်တွေ ပါဝင်နေပါတယ်။ ဒီအထဲမှာ ၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပခွင့်အတွက် ဖီဖာဥက္ကဋ္ဌဟောင်း ဂျက်ဝါနာကို သြစတြေးလျက ပေါင် ၂ သိန်း ၇ သောင်း ပေးခဲ့တယ် ဆိုတာတွေလည်း ပါဝင်နေပါတယ်။ ဖီဖာဥက္ကဋ္ဌ ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ဆပ်ဘလတ္တာနဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီတို့လည်း ပေါင် ၁ ဒသမ ၃၅ သန်းနဲ့ ပတ်သက်ပြီး စွဲဆိုခံထားရပါတယ်။ ၂ ဦးစလုံးကတော့ တစုံတရာ အမှားအယွင်း မလုပ်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up