A d v e r t i s e m e n t With Us

မိုးပျံပူဖောင်းထဲ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ဖြည့်သွင်းရာမှ ပေါက်ကွဲမှုဖြစ် (သတင်းဓာတ်ပုံ)

မြိတ်မြို့မှာ မိုးပျံပူဖောင်းထဲကို ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ဖြည့်သွင်းရာကနေ  မတော်တဆ ပေါက်ကွဲမှုတခု အောက်တိုဘာ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၉ ဦး မီးလောင်ဒဏ်ရာတွေရခဲ့ပြီး မြိတ် ပြည်သူ့အထွေထွေရောဂါကု ဆေးရုံကြီးကို ပို့ဆောင်လိုက်ရပါတယ်။ မိုးပျံပူဖောင်းကို လက်ခံပြုလုပ်ပေးတဲ့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းရဲ့ အဆိုအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် မိုးပျံပူဖောင်း ပြုလုပ်စဉ် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ မီးလောင်ဒဏ်ရာ ရသူတွေထဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၉ ဦး  ဖြစ်ပြီး ဆယ်နှစ်ကျော်အရွယ် ကလေးငယ် ၂ ဦးလည်း ပါဝင်ပါတယ်။ သတင်းဓာတ်ပုံ - Myat Htut  

A d v e r t i s e m e n t With Us

More News
Up