တောင်ငူတွင် အလှူခံလိုက်ပါလာသည့် ကလေးငယ်များ ကားတိုက်ခံရ၊ ၁ ဦးသေဆုံး (သတင်းဓာတ်ပုံ)
DVB
·
October 28, 2015
တောင်ငူမြို့မှာ အောက်တိုဘာ ၂၇ ရက် ညနေက အလှူခံလိုက်ပါလာတဲ့ ကျောင်းသားကလေးငယ် ၁၃ ဦး ကားတိုက်ခံရပြီး ၁ ဦးသေဆုံး၊ ၁၂ ဦး ဒဏ်ရာ အပြင်းအထန် ရသွားပါတယ်။
တောင်ငူမြို့ ကေလဇာတီဘုရား ဘုံဆွမ်းလောင်းအသင်းက လမ်းလျှောက်လိုက်ပါလာတဲ့ ကျောင်းသားကလေးငယ်တွေကို အလှူခံအဖွဲ့မှာပါတဲ့ လိုက်ထရပ်ယာဉ်က ဘရိတ်ပေါက်ပြီး ၀င်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာရတဲ့သူတွေအနက် ပြင်းထန်တဲ့ ၃ ဦးကို နေပြည်တော်ဆေးရုံကြီး ပို့ဆောင်လိုက်ပြီး ကျန် ၉ ဦးကတော့ တောင်ငူပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။
သတင်းဓာတ်ပုံ - ကိုသားကြီး