လက်ရှိချန်ပီယံ ချဲလ်ဆီး စတုတ်ကိုရှုံးပြီး ကက်ပီတယ်ဝမ်း ဖလားမှ ထွက်ရ (ရုပ်သံဟိုက်လိုက်)

4.4K
ကက်ပီတယ်ဝမ်းဖလားပွဲအဖြစ် လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းနဲ့ စတုတ်အသင်းတို့ အောက်တိုဘာ ၂၇ ရက်ညက ယှဉ်ပြိုင်ကစားရာ သာမန်ပွဲချိန် မိနစ် ၉၀ နဲ့ အချိန်ပိုမှာ ၁ ဂိုးစီသရေကျလို့ ပယ်နယ်တီ အဆုံးအဖြတ်ကန်ရာမှာ ချဲလ်ဆီးအသင်း ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပါတယ်။
စတုတ်စီးတီး အိမ်ကွင်းမှာ ကစားတဲ့ အဲဒီပွဲစဉ်မှာ အိမ်ရှင်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၅၂ မိနစ်မှာ ဂျိုနသန် ဝေါ်လ်တာစ် (Jonathan Walters) က သွင်းယူပေးခဲ့ပါတယ်။
ချဲလ်ဆီးအတွက် ချေပဂိုးကိုတော့ လူစားဝင် တိုက်စစ်မှူး ရီမီ (Loic Remy) က ပွဲချိန် မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့တာပါ။
အဲဒီနောက် စတုတ်ကစားသမား ဖီးလ် ဘာ့ဒ်စ်လေ (Phil Bardsley) ဖျက်ထုတ်ပုံကြမ်းတမ်းလို့ ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။
သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြီးတဲ့အထိ ၁ ဂိုးစီသရေကျလို့ အချိန်ပို မိနစ် ၃၀ ဆက်ကစားခဲ့ရာမှာလည်း ဂိုးထပ်မသွင်းနိုင်ဘဲ ပယ်နယ်တီအဆုံးအဖြတ် ကန်ခဲ့ရပါတယ်။
ပယ်နယ်တီ ၅ လုံးစီ ကန်သွင်းရာမှာတော့ စတုတ်အသင်းက ၅ လုံးစလုံးဝင်အောင် ကန်သွင်းနိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းအတွက် နောက်ဆုံးပယ်နယ်တီကို အီဒင်ဟာဇက် (Eden Hazard) ကန်သွင်းရာမှာ စတုတ်ဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်း ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။