A d v e r t i s e m e n t With Us

အင်ဒိုနီးရှားမီးတောင် ဆယ်စုနှစ်တခုနီးပါး ရွှံ့နှစ်များ မှုတ်ထုတ်နေဆဲ (ရုပ်သံ)

သမိုင်းမှတ်တမ်း တင်သမျှ အပြင်းထန်ဆုံး ကပ်ဘေးတွေထဲက တခုဖြစ်တဲ့ အင်ဒိုနီးရှား မီးတောင်ဟာ ဆယ်စုနှစ် တခုနီးပါးထိ ရွှံ့နှစ်တွေကို မှုတ်ထုတ်နေဆဲပါ။ မီးတောင်က ရွှံ့နှစ်တွေဟာ ဒါဇင်နဲ့ချီတဲ့ ရွာတွေကို နှစ်မြုပ်ပစ်ခဲ့ပါတယ်။ ခုတော့ နစ်မြုပ်ရွာတွေပေါ်က ဒီရွှံ့ပြင်ကြီးဟာ ကပ်ဘေးလေ့လာရေး ခရီးသွားလုပ်ငန်းအတွက် အသုံးဝင်နေပါပြီ။ ၂၀၀၆ ကပ်ဘေး အမှတ်တရအဖြစ် တဝက်တပျက် နစ်မြုပ်နေတဲ့ လူနဲ့ အထိမ်းအမှတ် အရုပ်တွေကို ကျောက်တုံးနဲ့ ပန်းပုထု ပြသထားပါတယ်။ ဒီကပ်ဘေးကြောင့် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအရှေ့စွန်းက ထောင်သောင်းချီတဲ့ ရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရာနဲ့ချီတဲ့ လယ်မြေတွေလည်း ရွှံ့ပြင်အောက် ရောက်ခဲ့ပါတယ်။ ကပ်ဘေးအခြေပြု ခရီးသွားလုပ်ငန်းဟာ အင်ဒိုနီးရှားနိုင်ငံမှာ ပိုပြီး သမားရိုးကျ ဖြစ်လာနေပါပြီ။ ကပ်ဆိုးကြီးတွေအပြီးမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မျက်မြင်ကြည့်နိုင်ဖို့ မီးတောင် ပေါက်ကွဲမှုတွေ၊ ရေဘေးတွေ၊ ငလျင်တွေ ဖြစ်ခဲ့တဲ့ နေရာတွေကို ဧည့်သည်တွေ လာရောက် ကြည့်ရှုနေကြပါတယ်။ ဒေသခံတွေကလည်း သူတို့ကိုယ်သူတို့ ပံ့ပိုးနိုင်ရေး ကပ်ဘေးသင့်ဒေသတွေကို အများပြည်သူ လာရောက်ကြည့်ရှုနိုင်တဲ့ နေရာဖြစ်လာအောင် ကြိုးစားနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up