ပါလက်စတိုင်း ဆန္ဒပြသူများကို အစ္စရေးရဲ မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခတ် (ရုပ်သံ)

2.1K
အစ္စရေးရဲ့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းက ရာမာလာမြို့မှာ ဘိတ်အယ်လ်ဂျူးအခြေချ ရပ်ကွက်အနီး ပါလက်စတိုင်း ဆန္ဒပြသူတွေကို အစ္စရေးရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ အောက်တိုဘာ ၂၆ ရက်နေ့က ပစ်ခတ်ခဲ့ပါတယ်။
ရုန်းရင်းဆန်ခတ်မှုအတွင်း ဆန္ဒပြသူတွေက ကားတာယာတွေကို မီးရှို့ပြီး အစ္စရေးစစ်သည်တွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။
အောက်တိုဘာ ၂၆ ရက်နေ့ အစောပိုင်းမှာ ပါလက်စတိုင်းတဦး ဟီဘရွန်မြို့နားက လမ်းဆုံမှာ အစ္စရေးစစ်သားတဦးကို ဓားနဲ့ထိုးခဲ့လို့ အစ္စရေးစစ်သားတွေက အသေပစ်သတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်နဲ့ ရဲက ပြောပါတယ်။
ဓားထိုးခံရသူဟာ လည်ပင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး အသက်ဘေး စိုးရိမ်ရတယ်လို့ ဆေးရုံ ပြောခွင့်ရက ပြောပါတယ်။
သီတင်းပတ် ၁ ပတ်ကျော်ကြာ ဆက်တိုက် အကြမ်းဖက်မှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဆက်ဖြစ်နေဆဲပါ။
အစ္စလာမ်ဘာသာရဲ့ တတိယအကြီးမြတ်ဆုံးနေရာဖြစ်သလို ဂျူးတွေရဲ့ အထွတ်အမြတ် ဘာသာရေးနေရာဖြစ်တဲ့ အယ်လ်အစ်ဆာဗလီ ပရိဝုဏ်မှာ ဂျူးတွေ ခြေကုပ်ယူမှုအတွက် ပါလက်စတိုင်းတွေက ဒေါသထွက်ခဲ့ပါတယ်။
ဒီလ အစပိုင်းကနေ ခုထိ အနောက်ဘက်ကမ်းပါးနဲ့ ဂါဇာကမ်းမြောင်ဒေသတွေမှာ ဆန္ဒပြပွဲတွေနဲ့ တိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်း ၅၄ ဦးကို အစ္စရေးက အသေပစ်သတ်ခဲ့ပါတယ်။
သူတို့ထဲက တဝက်လောက်ဟာ ကိုယ်ထိလက်ရောက် ရန်ပြုသူတွေလို့ အစ္စရေးက ပြောပါတယ်။
ပါလက်စတိုင်းတွေက အသေပစ်သတ်မှု၊ ဓားနဲ့ထိုးမှုတွေကြောင့် အစ္စရေး ၁၀ ဦး သေဆုံးတယ်လို့လည်း အစ္စရေးရဲတွေက ပြောခဲ့ပါတယ်။