Sunday, May 28, 2023
HomeLead Storyရဲတပ်ဖွဲ့ဝင်က စာသင်ခန်းတွင်းမှ ကျောင်းသားကို ဆွဲထုတ်ခဲ့သည့် ဗွီဒီယိုဖိုင် စစ်ဆေး (ရုပ်သံ)

ရဲတပ်ဖွဲ့ဝင်က စာသင်ခန်းတွင်းမှ ကျောင်းသားကို ဆွဲထုတ်ခဲ့သည့် ဗွီဒီယိုဖိုင် စစ်ဆေး (ရုပ်သံ)

စာသင်ခန်းထဲမှာ ကျောင်းသားတဦးကို ဆွဲထုတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ဗွီဒီယိုဖိုင်ကို စစ်ဆေးနေတယ်လို့ အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနား တာဝန်ရှိသူတွေက ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်က လူမှုရေးကွန်ရက် မီဒီယာပေါ်မှာ ရစ်ခ်ျလန်းစီရင်စုက စပရင်းဗယ်လီကျောင်းမှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုလို့ ရစ်ခ်ျလန်း ၂ ကျောင်းက အကြီးအကဲ ဒက်ဗီဟမ်း (Debbie Hamm) က ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

ဒီဖြစ်ရပ်အတွက် အလွန်စိုးရိမ်ပူပန်မိပြီး စုံစမ်းဖို့အတွက် ရစ်ခ်ျလန်းစီရင်စုက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေသလို ဒီအထဲမှာ ပါဝင်တဲ့ အရာရှိကို စုံစမ်းစစ်ဆေးမှု ရလဒ်မထွက်မချင်း ဘယ်ကျောင်းကိုမှ မသွားဖို့ ခေတ္တဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။

ကျောင်းသားတွေရဲ့ လုံခြုံရေးဟာ ဦးစားပေးဖြစ်ပြီး ဒါကို ထိခိုက်တာကိုတော့ ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူးလို့ ဒက်ဗီဟမ်းက ပြောပါတယ်။

ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာတော့ စာသင်ခန်းထဲကနေ ရဲတပ်သားက ကျောင်းသားတဦးကို အတင်းအကျပ် တွန်းထုတ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ဘာကြောင့်ဖြစ်ရသလဲ ဆိုတာကိုတော့ ၁၅ စက္ကန့်ကြာ ရုပ်သံမှာ ဖော်ပြထားခြင်း မရှိပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular