ပင်လယ်တွင်မျောနေသည့် ၁၈ လအရွယ် ဆီးရီးယား ကလေးငယ်ကို ကယ်တင် (ရုပ်သံ)

3.1K
မြေထဲပင်လယ်ထဲမှာ မျောနေတဲ့ ၁၈ လအရွယ် ဆီးရီးယားကလေးငယ်ကို တူရကီ ငါးဖမ်းသမားတွေက ကယ်တင်လိုက်ပါတယ်။
အစောပိုင်းက ပင်လယ်ထဲမှာမျောနေတဲ့ မိသားစုဝင်တချို့ကို ငါးဖမ်းသမားတွေက ကယ်တင်ခဲ့အပြီးမှာတော့ ကလေးငယ်တဦးကို ထပ်မံကယ်တင်လိုက်နိုင်တာ ဖြစ်ပါတယ်။
ကလေးငယ်ကို ကယ်တင်ရာမှာ အသက်မရှိတော့ဘူးလို့ ထင်မှတ်ထားပေမယ့် အသက်ရှိနေတာကို ကယ်တင်အပြီးမှာ တွေ့ရှိခဲ့တဲ့အတွက် အံ့သြ၀မ်းသာ ဖြစ်ခဲ့ပါတယ်။
ကလေးရဲ့အသက်ကို ငါးဖမ်းသမားတွေက ကယ်တင်ပေးခဲ့တာဖြစ်ပြီး ဒီအတွက် ကျေးဇူးတင်တဲ့အကြောင်းလည်း ကလေးမိခင်က ပြောပါတယ်။
တူရကီ ငါးဖမ်းသမားက ဒီဖြစ်ရပ်အတွက် အရမ်းကို ၀မ်းသာတယ်လို့ ပြောပါတယ်။
ကနဦးမှာ ယောက်ျားလေး၊ မိန်းကလေးနဲ့ အစ်ကိုဖြစ်သူတဦးကို ကယ်တင်နိုင်ခဲ့ပြီးတဲ့နောက် တခြားသူတွေကို ထပ်မံကယ်တင်နိုင်တယ်လို့ ဆိုပါတယ်။
ဒီနောက် သူတို့ကို တခြားလှေပေါ် လွှဲပြောင်းအပြီးမှာတော့ ကလေးငယ်ကို ကယ်တင်နိုင်တာလို့လည်း ငါးဖမ်းသမားက ပြောပါတယ်။