A d v e r t i s e m e n t With Us

ပန်းတနော် လယ်သိမ်းခံလယ်သမားများဆန္ဒပြ

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ထဲက လယ်ယာမြေတွေသိမ်းဆည်းခံခဲ့ရတဲ့ လယ်သမားတွေဟာ အောက်တိုဘာလ ၂၇ ရက်နေ့ ဒီကနေ့မနက် ၈ နာရီက မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ အင်အား ၂၀၀ ကျော်နဲ့ဆန္ဒပြခဲ့ကြတာဖြစ်ပြီး မြစ်ဝရေကြီးကွင်းဒေသ လယ်သမားများ ဘ၀ လွတ်မြောက်ရေး၊ လယ်ယာမြေပေါ်က အင်းလုပ်ငန်းတွေဖျက်သိမ်းပေးရေး၊ တောင်သူ လယ်သမားတွေ လယ်ပိုင်ဆိုင်ခွင့်ရရှိရေး၊ လယ်ယာမြေနဲ့ပတ်သက်တဲ့ အကျင့်ပျက်ဝန်ထမ်းတွေ အရေးယူပေးရေး စတာတွေ ကြွေးကြော် တောင်းဆိုခဲ့ကြပါတယ်။ ပန်းတနော် ရဲစခန်းမှာခွင့်ပြုမိန့်တင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဆန္ဒပြလယ်သမား ခေါင်းဆောင်တွေ ဟာ ပန်းတနော်မြို့ အ၀င်ဝနဲ့ လူစည်ကားရာနေရာတွေအပြင် ဌာနဆိုင်ရာ အစိုးရ ရုံးတွေရှေ့မှာလည်း ဆန္ဒဖော်ထုတ်တာနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ လယ်သမားတွေဆန္ဒပြတဲ့နေ့မှာပဲ ပန်းတနော်တရားရုံးက ဒေသခံ လယ်သမား ၃ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ အကျိုးစီးပွားပျက်စီးစေမှု ပုဒ်မတွေနဲ့ အမိန့်ချမှတ်ဖို့ရှိနေတာပါ။ ပန်းတနော်ဒေသမှာ သိမ်းဆည်းခံ လယ်ယာမြေတွေပေါ်မှာ ပြန်လည်ထွန်ယက်စိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး လယ်သမား ၁၀ ဦးအပါအဝင် သတင်းသမား ၁ ဦးလည်း အမှုရင်ဆိုင်နေရပါတယ်။ သတင်းဓာတ်ပုံ - ကိုအောင်ကျော်

A d v e r t i s e m e n t With Us

More News
Up