A d v e r t i s e m e n t With Us

ပါကစ္စတန် မြောက်ပိုင်းတွင် မိုးကြီးမြေပြို၊ လူထောင်ချီ ပိတ်မိ

ဓာတ်ပုံ - ရိုက်တာ
ပါကစ္စတန်မြောက်ပိုင်းဒေသမှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မြေပြိုတာကြောင့် လူထောင်ချီ ပိတ်မိနေတယ်လို့ အရာရှိတွေက ပြောပါတယ်။ ကာဂန်ပြည်နယ် မြောက်ပိုင်းဒေသ၊ ဆ၀ပ်တောင်ကြားဒေသ၊ နီလမ် တောင်ကြားဒေသမှာ အဆိုးဆုံး အခြေအနေ ကြုံနေတာပါ။ ရုပ်သံသတင်းတွေမှာ နာရန်နဲ့ ကာဂန် တောင်ကြားဒေသ လမ်းတွေ ကားတွေပေါ်မှာ  နှင်းတွေ ဖုံးနေတဲ့ပုံတွေကို ပြသပါတယ်။ ဒီဒေသတခုလုံးမှာ လူဦးရေ ၁ သိန်းလောက် နေထိုင်ပါတယ်။ နာရန်တောင်ကြားဒေသမှာ အလည်အပတ်သွားနေတဲ့ လူ ၃၀၀၀ လောက်လည်း ပိတ်မိနေတယ်လို့ ပါကစ္စတန် အဝေးပြေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။ အောက်တိုဘာလထဲမှာ အစ္စလာမ္မာဘတ်မြို့ မိုးရေချိန် စံချိန်တင်ခဲ့ပြီး မိုးလေ၀သဌာနရဲ့ အဆိုအရ နှစ်ပေါင်း ၃၀ အတွင်း အများဆုံး မိုးရေချိန်လို့ ဆိုပါတယ်။ ပန်ဂျပ်ပြည်နယ်ထဲမှာ ကျောက်မိုင်းပြိုပြီး လူတဦး သေဆုံးသွားတယ်လို့လည်း ရဲအဖွဲ့က ပြောပါတယ်။ အခုလို အချိန်အခါမဟုတ် မိုးရွာသွန်းတာ အယ်နီညို ရာသီဥတုကြောင့်လို့ မိုးလေ၀သဌာနက ပြောပြီး နောက်ထပ် မိုးရွာသွန်းနိုင်သေးတယ်လို့လည်း ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up