A d v e r t i s e m e n t With Us

WTA ဖိုင်နယ် အဖွင့်ပွဲစဉ် ရှာရာပိုဗာ နှင့် ဟယ်လပ်တို့ အနိုင်ရ

ရှာရာပိုဗာ။ (ဓာတ်ပုံ - ရိုက်တာ)
စင်ကာပူမှာ အောက်တိုဘာ ၂၆ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ WTA Finals အဖွင့်ပွဲစဉ်မှာ ကမ္ဘာ့နံပါတ် ၃ ရုရှားတင်းနစ်မယ် ရှာရာပိုဗာက ပိုလန်က ကမ္ဘာ့နံပါတ် ၆ ရတ်ဝင်စာကို ၄-၆၊ ၆-၆၊ ၆-၄ နဲ့ နိုင်သွားပါတယ်။ ရှာရာပိုဗာဟာ ခြေထောက်နဲ့ လက်မောင်း ဒဏ်ရာကြောင့် ၀င်ဘယ်တန် ပွဲပြီးကတည်းက အနားယူခဲ့ရပေမယ့် ဒီပြိုင်ပွဲမှာတော့ အကောင်းဆုံး အစွမ်းပြနိုင်ခဲ့ပါတယ်။ အနီရောင်အုပ်စု နောက်တပွဲမှာ ကမ္ဘာ့နံပါတ် ၂ ရိုမေးနီးယားနိုင်ငံသူ ဟယ်လပ်က ယူအက်စ်အိုးပင်း ချန်ပီယံနဲ့ ကမ္ဘာ့နံပါတ် ၈ အီတလီသူ ပန်နတ်တာကို ၆-၀၊ ၆-၃ နဲ့ အနိုင်သွားပါတယ်။ ရာသီအပိတ် ပြိုင်ပွဲမှာ အမျိုးသမီး ၈ ယောက် အုပ်စု ၂ စုခွဲပြီး  ယှဉ်ပြိုင်နေတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ကမ္ဘာ့နံပါတ် ၁  ဆရီနာ ၀ီလျံကတော့ ၀င်မပြိုင်ပါဘူး။ အဖြူ ရောင်အုပ်စုမှာ စပိန်က ကမ္ဘာ့နံပါတ် ၄ မူဂူရူဇာ၊ ချက်က ကမ္ဘာ့နံပါတ် ၅ ကီတိုဗာနဲ့  ကမ္ဘာ့နံပါတ် ၉ စာဖရိုဗာ၊ ဂျာမနီက ကမ္ဘာ့နံပါတ် ၇ ကာဘာတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အုပ်စု ပထမနဲ့ ဒုတိယရတဲ့ ၄ ယောက်ဟာ ဆီးမီးဖိုင်နယ်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up