A d v e r t i s e m e n t With Us

ထိုင်းနိုင်ငံက ကျွဲစီးပြိုင်ပွဲ (ရုပ်သံ)

ထိုင်းနိုင်ငံ အရှေ့ပိုင်းက ချွန်ပူရီပြည်နယ်မှာ ကျွဲစီးပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်နေ့က ပြုလုပ်ပါတယ်။ ဒါဟာ ရိုးရာပွဲတော်ဖြစ်ပြီး ချွန်ပူရီပြည်နယ်မှာ နှစ်စဉ် ကျင်းပလာတာ ၁၄၄ ကြိမ်မြောက် ဖြစ်ပါတယ်။ တခေတ်တခါကတော့ ဒီလိုပွဲမျိုးဟာ လယ်ကွင်းမှာ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့ရတဲ့ ကျွဲတွေကို ကျေးဇူးတင် ဂုဏ်ပြုတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အခုတော့ လက်သပ်မွေး လေ့ကျင့်ထားတဲ့ ကျွဲတွေရဲ့ အပြေးပြိုင်ပွဲအဖြစ် ပြောင်းလဲသွားပါပြီ။ နိုင်ပွဲဆက်တဲ့ ပြိုင်ကျွဲတွေရဲ့ တန်ဖိုးဟာ ဘတ်ငွေ ၄ သိန်းကနေ ၅ သိန်း (အမေရိကန်ဒေါ်လာ ၁ သောင်းခွဲ) ၀န်းကျင်အထိ ဈေးပေါက်တယ်လို့ ကျွဲပိုင်ရှင်တွေက ပြောပါတယ်။ ဒီပြိုင်ပွဲရဲ့ အစိတ်အပိုင်းအဖြစ် ပြင်ဆင်ထားတဲ့ ကျွဲတွေ အလှပြတဲ့ အစီအစဉ်၊ အမျိုးသမီးတွေရဲ့ ယိမ်းအက အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up