A d v e r t i s e m e n t With Us

ပုဂံမြို့ကို ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှု တိုးတက်

ရှေးဟောင်းယဉ်ကျေးမှုတွေ ထွန်းကားတဲ့ ပုဂံမြို့ကို ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်တာ တိုးတက်လာခဲ့ပြီး အခုနှစ်ကုန်အထိကို ၃ သိန်းလောက် လာရောက်မယ်လို့ ခန့်မှန်း ထားကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပုဂံမြို့သို့ အရင်နှစ်က ကမ္ဘာလှည့် ခရီးသည်ပေါင်း နှစ်သိန်းခွဲခန့်ဝင် ရောက်ခဲ့ပြီး အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ နှစ်သိန်းခန့်ဝင် ရောက်ခဲ့ပြီးဖြစ်ပါတယ်။ ပုဂံမြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က တည်ရှိခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှု လက်ရာတွေနဲ့ ထင်ရှားကျော်ကြားတဲ့ မြို့တော်တခုဖြစ်ပြီး မပျက်စီးဘဲ ကျန်ရှိနေတဲ့ ဘုရား၊ ပုထိုး၊ စေတီတွေနဲ့ ခေတ်အသီးသီးက ဗိသုကာလက်ရာတွေ၊ ရှေးဟောင်း အနုသုခုမ လက်ရာတွေရှိတဲ့ အထိမ်းအမှတ် အဆောက်အအုံတွေရှိတာကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေ အများအပြားလာရောက်ကြတဲ့ ဒေသတခုဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ ပြည်ပခရီးသည် ၂ ဒသမ ၆ သန်းဝင်ရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၃ ဒသမ ၂ သန်း၊ ၂၀၁၅ တွင် ၄ သန်း အထိ နှစ်စဉ် ၂၀ ရာခိုင်နှုန်း တိုးတက်နေမည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကလည်း ခန့်မှန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up