A d v e r t i s e m e n t With Us

မဲဆွယ်စည်းရုံးမှုအတွင်း ထိပ်တိုက်ပဋိပက္ခများသတိထားရန် ရွေးကောက်ပွဲကော်မရှင် တိုက်တွန်း

မဲဆွယ်စည်းရုံးမှုတွေအတွင်း ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်လာနိုင်တာမျိုးတွေကို သတိထားကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၆ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲစည်းရုံးဟောပြောမှုတွေကို ဥပဒေနှင့်အညီစည်းရုံးဟောပြောကြဖို့ တိုက်တွန်း ထားပါတယ်။ မဲဆွယ်စည်းရုံးဟောပြောပွဲတွေ အရှိန်ဟုန်မြင့်တက်လာပြီး ပဋိပက္ခဖြစ်နိုင်မယ့် အခြေအနေ ဦးတည်သွားနိုင်တာကိုလည်း သတင်းထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ ပါတီတွေအနေနဲ့ မိမိတို့ရဲ့ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို မလိုလားအပ်တဲ့ ဖြစ်စဉ်တွေမဖြစ်ပွားဖို့ ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းဖို့ တိုက်တွန်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up