A d v e r t i s e m e n t With Us

၂၀၀၆ ကမ္ဘ့ာဖလားပြိုင်ပွဲ ကျင်းပခွင့်ရရန်ကြိုးပမ်းမှု အမှားရှိဟု ဂျာမနီနည်းပြဟောင်းပြော

၂၀၀၆ ခုနှစ် ကမ္ဘ့ာဖလားကျင်းပခွင့်ရရှိရေး ကြိုးပမ်းရာတွင် အမှားအယွင်းများကို လုပ်ဆောင်ခဲ့သော်လည်း မဲကို ၀ယ်ယူခဲ့တာမရှိဘူးလို့ ဂျာမနီအသင်းရဲ့ နည်းပြ ဖရန့် ဘက်ကင်ဘောင်ဝါက ပြောဆိုလိုက်ပါတယ်။ ဘက်ကင်ဘောင်ဝါဟာ ဂျာမနီကမ္ဘာ့ဖလားကျင်းပရေး စည်းရုံးရေးကော်မတီ အကြီးအကဲဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ချေးငွေရရှိဖို့အတွက် ငွေပေးခဲ့တယ်လို့ မီဒီယာတွေက စွပ်စွဲထားပါတယ်။ ဖီဖာအဆိုပြုချက်ကို အမှားတွေအတွက် တာဝန်ယူသွားမယ်လို့လည်း ဘက်ကင်ဘောင်ဝါက ပြောပါတယ်။ ဂျာမနီသတင်းစာတစောင်ကတော့ မဲအတွက် ဂျာမနီက ပေါင် ၄ ဒသမ ၈ သန်း အသုံးပြုတယ်လို့ ရေးသားခဲ့ပေမယ့် ဂျာမနီ ဘောလုံးအဖွဲ့ချုပ်ကတော့ ငြင်းပယ်ထားပါတယ်။ ၂၀၀၀ ခုနှစ်မှာ ၂၀၀၆ ကမ္ဘာ့ဖလားကျင်းပခွင့်အတွက် မဲပေးရာမှာ ဂျာမနီက တောင်အာဖရိကကို အနိုင်ရရှိခဲ့ပါတယ်။ ဘက်ကင်ဘောင်ဝါက ၁၉၇၄ ခုနှစ်  ကမ္ဘာ့ဖလားရရှိခဲ့တဲ့ ဂျာမနီအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး နောက် ၁၆ နှစ်အကြာ နည်းပြအဖြစ်နဲ့ ဂျာမနီအသင်းကို ကမ္ဘာ့ဖလား ရယူပေးခဲ့ပါတယ်။ သူက မာဆေးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကိုလည်း နည်းပြလုပ်ခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up