A d v e r t i s e m e n t With Us

မီးရှူးမီးပန်း ကုန်သေတ္တာ ၂ လုံး ပေါက်ကွဲ၊ လူ ၈ ဦး သေဆုံး (ရုပ်သံ)

ဂျော်ဒန်နိုင်ငံ အမ်မန်မြို့မှာ မီးရှူးမီးပန်းတွေ ပြည့်နေတဲ့ ကုန်သေတ္တာ၂လုံး ပေါက်ကွဲခဲ့လို့ အနည်းဆုံး လူ ၈ ယောက် သေဆုံးပြီး တခြားလူ တဒါဇင်ကျော် ဒဏ်ရာရတယ်လို့ ဂျော်ဒန် အရပ်ဘက် ကာကွယ်ရေးဌာနက ပြောပါတယ်။ မီးရှူးမီးပန်းတွေကို တင်လာတဲ့ ကုန်ကား ၂ စီး ရပ်နားထားတဲ့ အကောက်ခွန်ရုံးရဲ့ ခြံဝန်းထဲမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ပေါက်ကွဲမှုအပြီး မီးတောက်တွေကို မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ရပါတယ်။ ဝန်ကြီးချုပ် အဗ္ဗဒူလာ အန်နူဆောရ်က မီးလောင်ပေါက်ကွဲရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ကော်မတီကို တောင်းဆိုထားပါတယ်။ ဂျော်ဒန်နိုင်ငံအတွင်း မီးရှူးမီးပန်း တင်သွင်းမှုဟာ တရားမဝင် လုပ်ရပ် ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up