A d v e r t i s e m e n t With Us

မန်စီးတီးနှင့်ပွဲတွင် ကံမကောင်းခဲ့ဟု မန်ယူ နည်းပြ ပြော

ဓာတ်ပုံ - ရိုက်တာ
မန်ချက်စတာ စီးတီးအသင်းနဲ့ အောက်တိုဘာ ၂၅ ရက်ညက ကစားခဲ့တဲ့ ဒါဘီပွဲစဉ်မှာ ကံမကောင်းခဲ့ဘူးလို့ မန်ယူနည်းပြ လူးဝစ် ဗန်ဂါးက ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ အိမ်ကွင်းပွဲစဉ်မှာ မန်စီးတီးနဲ့ ဂိုးမရှိ သရေကျခဲ့တာပါ။ ဒုတိယပိုင်းမှာ မန်စီးတီးတိုက်စစ်မှူး စတာလင်း ပင်နယ်တီ ဧရိယာထဲမှာ မန်ယူ ကွင်းလယ်လူ ဟာရဲရားကို ဖျက်ထုတ်တာနဲ့ ပတ်သက်လို့ ပင်နယ်တီ ပေးသင့်တယ်လို့ မန်ယူနည်းပြက ပြောပါတယ်။ "တီဗွီမှတ်တမ်းမှာ ပြန်ကြည့်ရင် ပင်နယ်တီ ပေးသင့်တယ်ဆိုတာ ရှင်းပါတယ်၊  ဒိုင်က မပေးတဲ့အတွက် စိတ်ပျက်မိတယ်" လို့လည်း ဆိုပါတယ်။ ဒါပေမယ့်လည်း မန်ယူတသင်းလုံးရဲ့ ကစားပုံအတွက်တော့ ဂုဏ်ယူတယ်လို့ နည်းပြ ဗန်ဂါးက ပြောဆိုသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up