အရှိန်မထိန်းနိုင်သည့်ဆိုင်ကယ် ကုန်တင်ကားကြိတ်မိ၊ ဆိုင်ကယ်သမား လွတ်မြောက် (ရုပ်သံ)

3.8K
တရုတ်နိုင်ငံက ဆိုင်ကယ်မောင်းသူတဦးဟာ လမ်းဆုံလမ်းခွတခုမှာ ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ ဖြတ်မောင်းလာတဲ့ ကုန်တင်ကားကြီး တစီးအောက်ကို ရောက်သွားခဲ့ပေမယ့် လူကတော့ ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့တယ်လို့ အောက်တိုဘာ ၂၂ ရက်နေ့က စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံ၊ ရှန်ဒေါင်းခရိုင်၊ ကီယန်းမြို့ လမ်းဆုံမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဆိုင်ကယ်ကတော့ ပျက်စီးသွားခဲ့ပါတယ်။
ဒေသတွင်း တာဝန်ကျရဲက “သူက ကုန်တင်ကားကြီးကို မြင်ခဲ့တယ်။ ဆိုင်ကယ်ကို ဘရိတ်ဖမ်းပြီး အရှိန်လျှော့ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘဲ သူဟာ ဆိုင်ကယ်ပေါ်ကလွင့်ပြီး လဲကျကျန်နေခဲ့တာပါ” လို့ ပြောပါတယ်။
ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ အဲဒီဆိုင်ကယ်မောင်းသမားဟာ ကံကောင်းထောက်မစွာပဲ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ရုပ်သံ - စီစီတီဗွီ