A d v e r t i s e m e n t With Us

ဝတ်လစ်စလစ် အရက်မူးသမားကြောင့် လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရ

ဓာတ်ပုံ - Rex
ဒဗ္ဗလင်ကနေ တူရကီကိုသွားတဲ့ သည်ဆန်းအိပ်စ်ပရက်စ် လေယာဉ်ဟာ ခရီးဆုံး မရောက်ခင်မှာ ခရီးသည်တဦးနဲ့ လေယာဉ်အမှုထမ်းကြား အချင်းများမှုကြောင့် ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် မက်ထရိုသတင်းမှာ အောက်တိုဘာ ၂၃ ရက်နေ့က ဖော်ပြပါတယ်။ လေယာဉ်ပေါ်မှာပါလာတဲ့ အိုင်ယာလန်နိုင်ငံသား ခရီးသည်တဦးဟာ အပေါင်းအဖော်တွေနဲ့အတူ အရက်အလွန်အကျွံ သောက်ထားခဲ့ပြီး ၀တ်လစ်စလစ်ချွတ်ကာ လေယာဉ်မယ်ကို လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ပြုခဲ့တဲ့အတွက် ခရီးဆုံးမရောက်ခင် အရေးပေါ်  ဆင်းသက်ခဲ့ရတာပါ။ အဲဒီအချိန်တလျှောက်လုံးမှာ သူ့ရဲ့အပေါင်းအဖော်တွေက အားပေးအားမြှောက် ပြုခဲ့ကြတယ်လို့ လေယာဉ်ပေါ်မှာ ပါလာတဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဆားဘီးယား ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တဦးက “အိုင်းရစ်လူမျိုးတွေဟာ မူးရူးပြီး ရန်လိုတယ်။ တော်တော်ကို ရိုင်းတယ်” လို့ ပြောပါတယ်။ အဲဒီအမျိုးသားဟာ လေဆိပ်အမှုထမ်းတွေကိုလည်း ရိုင်းပြစွာ ဆက်ဆံခဲ့ပြီး လုံခြုံရေးဝန်ထမ်းတွေကိုလည်း တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ခုလိုဖြစ်ခဲ့တဲ့အတွက် လေကြောင်းခရီးစဉ်မှာ ၁၀ နာရီကြာ နောက်ကျခဲ့ရပြီး နီခိုလာတက်စ်လာလေဆိပ်မှာ သူတို့တွေဟာ ရေကူးဝတ်စုံတွေ ၀တ်ထားခဲ့ကြပြီး အရက်ဆက်သောက်ဖို့ တိုင်ပင်နေကြတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ သည်ဆန်းအိပ်စ်ပရက်စ် လေကြောင်းလိုင်းကလည်း ခုလိုဖြစ်ခဲ့ရတာဟာ ရိုင်းစိုင်းတဲ့ ခရီးသည်တဦးကြောင့် အရေးပေါ် ဆင်းသက်လိုက်ရကြောင်း အတည်ပြုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up