A d v e r t i s e m e n t With Us

ဘာစီလိုနာ တယောက်လျော့သော်လည်း ဆွာရက်ဇ် ဟက်ထရစ်ဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

စပိန် လာလီဂါပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ အိုင်ဘာတို့ အောက်တိုဘာ ၂၅ ရက်ညက ယှဉ်ပြိုင်ကြရာ ဘာစီလိုနာက တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ် (Luis Suarez) ရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘာစီလိုနာအတွက် တိုက်စစ်မှူး ဆွာရက်ဇ် တဦးတည်းက ပွဲချိန် ၂၁ မိနစ်၊ ၄၈ မိနစ်နဲ့ ၈၅ မိနစ်တွေမှာ သွင်းယူသွားခဲ့တာပါ။ ဒီမတိုင်ခင်တော့ ဧည့်သည် အိုင်ဘာအသင်းက ပွဲချိန် ၁၀ မိနစ်မှာ ဘော်ဂျာ ဘတ်စ်တွန် (Borja Baston) ရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၈၃ မိနစ်မှာ ဘာစီလိုနာ ကွင်းလယ်လူ မာရှေယာနို (Javier Mascherano) တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရလို့ ကျန်ပွဲချိန်ကို ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။ ဒီပွဲအနိုင်ကြောင့် ဘာစီလိုနာဟာ ရမှတ် ၂၁ မှတ်နဲ့ ရီးရဲလ်အသင်းနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယား နံပါတ် ၂ နေရာမှာ ရပ်တည်နေပြီး အိုင်ဘာကတော့ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ အောက်တိုဘာ ၂၅ ရက်ညမှာပဲ ယှဉ်ပြိုင်ကစားတဲ့ လာလီဂါ တခြားပွဲစဉ် အက်သလက်တီကိုမက်ဒရစ်နဲ့ ဗလင်စီယာတို့ ပွဲစဉ်မှာတော့ အက်သလက်တီကိုက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အက်သလက်တီကိုက ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၃၊ ဗလင်စီယာက ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၉ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up