A d v e r t i s e m e n t With Us

မြောက်ကိုးရီးယား ကင်းလှည့်စက်လှေကို တောင်ကိုရီးယားရေတပ် သေနတ်ဖြင့် ပစ်ခတ်

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားရေပိုင်နက်ကို ကျော်ဝင်လာတဲ့ မြောက်ကိုရီးယားကင်းလှည့် စက်လှေကို တောင်ကိုရီးယားရေတပ်က အောက်တိုဘာ ၂၅ ရက်နေ့က လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရပြောခွင့်ရက ပုံမှန်ကင်းလှည့်နေတဲ့ မြောက်ကိုရီးယား ရေတပ်သင်္ဘောကို ပစ်ခတ်မှုဟာ အပြင်းအထန်ရန်စမှုဖြစ်တယ်။ နှစ်နိုင်ငံ စစ်ပွဲတွေ ဖြစ်ပွားတဲ့အထိ ဦးတည်သွားနိုင်ပြီး ကိုရီးယားကျွန်းဆွယ်စစ်ရေးတင်းမာမှုတွေ ဖြစ်စေမယ်လို့ ပြောဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ပင်လယ်ဝါအတွင်း တောင်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ရေပိုင်နက်တွေလည်း အငြင်းပွားမှုတွေ ဖြစ်နေတာပါ။ မြောက်ကိုရီးယားနိုင်ငံပိုင်ရုပ်သံက မြောက်ကိုရီးယားရေပိုင်နက်ထဲမှာ ကင်းလှည့် နေတယ် ဆိုပေမယ့် တောင်ကိုရီးယားမီဒီယာတွေက တောင်ကိုရီးယား ရေပိုင်နက်ထဲ ကျူးကျော်လာတယ်လို့ ဆိုတာပါ။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းကလည်း အဲဒီနေရာမှာပဲ ရေပိုင်နက်ကျူးလွန်မှုတွေ ဖြစ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာလည်း တောင်ကိုရီယားပိုင် ယောင်ပြုံကျွန်း(Yeonpyeong)အနီး ပင်လယ်ပြင်မှာ နှစ်နိုင်ငံရေတပ်သင်္ဘောတွေ ပစ်ခတ်ခဲ့ကြပါသေးတယ်။ ဒီပစ်ခတ်မှုဟာ ကိုရီးယားစစ်ပွဲစဖြစ်ခဲ့ကတည်းက ကွဲကွာသွားကြတဲ့ နှစ်နိုင်ငံ မိသားစုဝင်ဆွေမျိုးတွေ ပြန်လည်ဆုံတွေ့နေချိန်မှာ ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုဟာ ၅ နှစ်အတွင်း ဒုတိယအကြိမ် တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up