A d v e r t i s e m e n t With Us

အင်ဒိုနီးရှားတောမီး ငြှိမ်းသတ်ရန် ခက်ခဲ၊ လူ ၁ ဦး ထပ်မံသေဆုံး (ရုပ်သံ)

အင်ဒိုနီးရှားမှာ တောင်ယာတောမီးကို ငြှိမ်းသတ်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပြီး နောက်ထပ် လူတယောက် သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အာဆီယံဒေသမှာ တောမီးပြဿနာနဲ့ နှစ်စဉ်ကြုံရလေ့ ရှိပေမယ့် ဒီနှစ်မှာ အယ်နီညို ခြောက်သွေ့ရာသီကြောင့် အခြေအနေတွေ ပိုဆိုးနေတာပါ။ ကာလီမန်တန်ကျွန်းမှာ လောင်နေတဲ့ တောမီးကို ငြှိမ်းသတ်နေတဲ့ အင်ဒိုနီးရှားစစ်တပ်က မီးငြှိမ်းဖို့ ခက်နေတယ်လို့ ၀န်ခံ ပြောဆိုပါတယ်။ မီးခိုးတွေ ထူထပ်ပြီး မှောင်မဲတဲ့ အခြေအနေ၊ အနီးအနားမှာ မီးသတ်စရာ ရေမရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံနေရတယ်လို့ စစ်သားတယောက်က ပြောပြပါတယ်။ အင်ဒိုနီးရှားအစိုးရက ဒီလထဲမှာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ စင်ကာပူနဲ့ မလေးရှားတို့ သာမက၊ ရုရှားနိုင်ငံကိုပါ မီးသတ်ပစ္စည်းတွေ အကူအညီပေးဖို့ တောင်းခံခဲ့ပါတယ်။ အဆိုးဆုံး မီးလောင်ကျွမ်းနေတဲ့ ကာလီမန်တန်ကျွန်းပေါ်မှာ အခုအထိ သေဆုံးသူ ၄ ဦး ရှိသွားပါပြီ။ နောက်ဆုံး သေဆုံးသူကတော့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး အသက်ရှုကျပ်တဲ့ ပြဿနာနဲ့ သေဆုံးသွားတာပါ။ အင်ဒိုနီးရှား စစ်သင်္ဘောတွေက ကလေးတွေနဲ့ မီးခိုးမွှန်နေတဲ့ လူတွေကို ကယ်ထုတ်ဖို့ ပြင်ဆင်နေတယ်လို့ အစိုးရ ၀န်ကြီးတယောက်က ပြောပါတယ်။ လောလောဆယ်မှာ တောမီးဟာ ပါပူအာဒေသကို ကူးစက်သွားပြီး နောင်နှစ်ဆန်းအထိ ဆက်လောင် ကျွမ်းနေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up