မိုးကြီးပြီး ပျက်စီးခဲ့သည့် ကလေး-တီးတိန်လမ်း ပြန်လည်ပြင်ဆင်
DVB
·
October 26, 2015
ပြီးခဲ့တဲ့ သြဂုတ်လကမိုးများပြီး ပျက်စီးခဲ့တဲ့ ကလေး-တီးတိန်လမ်းကို ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
ချင်းပြည်နယ်အတွင်းက ကလေး-တီးတိန်လမ်းမှာ မိုးများခဲ့တဲ့အတွက် လမ်းမြေသားပြတ်ကျ သွားပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ရာကနေ အခု ကားနဲ့ ဆိုင်ကယ်တွေ သွားလာနိုင်တဲ့ မြေသားလမ်းတိုးချဲ့မှုနဲ့ ကတ္တရာလမ်းအဆင့်မြှင့်မှုတွေ ပြုလုပ်နေတာပါ။
မြေသားတိုးချဲ့မှု၊ လမ်းအဆင့်မြှင့်တင်မှုများကို Kham Wo (Jv) Shwe Mann (Magway) Co.,Ltd. မှ မိုင်တိုင်အမှတ် ၅/၆ မှ ၂၂/၂ ထိ ၂၄ ပေမှ ၃၈ ပေအထိ လမ်းချဲ့ခြင်းနှင့် ၅/၆ မှ ၈/၀ ထိကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး မြန်မာကျပ်ငွေ ၂.၄၈၈ ဘီလီယံသုံးစွဲမယ်လို့ သိရပါတယ်။
လမ်းဆောင်ရွက်မှုကို ၂၀၁၅ ခုနှစ် ဧပြီလမှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဧပြီလမှာ လုပ်ငန်းပြီးစီးမယ်လို့ အငြိမ်းစားဆောက်လုပ်ရေးအင်ဂျင်နီယာ ဦးတင်လှိုင်(ပရောဂျက် အင်ဂျင်နီယာ) က ပြောပြသွားပါတယ်။