A d v e r t i s e m e n t With Us

လီဗားဗူး ၁ – ၁ ဆောက်သမ်တန် (ရုပ်သံဟိုက်လိုက်)

လီဗာပူးအသင်းဟာ နည်းပြသစ် ဂျာကန် ကလော့ဟာ ဒုတိယမြောက် ပွဲစဉ်မှာလည်း နိုင်ပွဲ မရဘဲ သရေ ရလဒ်နဲ့ အဆုံးသတ် သွားပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းဟာ အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ၇၇ မိနစ်မှာ တိုက်စစ်မှူး ဘန်တီကီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၈၆ မိနစ်မှာ မာနီက ဆောက်သမ်တန်အတွက် ချေပဂိုးသွင်းယူပါတယ်။ လီဗာပူးဟာ နည်းပြသစ် လက်ထက်မှာ ကစားပုံ ပိုကောင်းလာခဲ့ပါတယ်။ ဒီပွဲမှာလည်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ ဆောက်သမ်တန်အသင်းက ချေပဂိုး သွင်းယူပြီး နာကျင် အချိန်ပို မိနစ်မှာ မာနီ ဖျက်တာကြမ်းလို့ အထုတ်ခံလိုက်ရပေမယ့် ၁ ဂိုးစီသရေနဲ့ အဆုံးသတ် သွားပါတယ်။ ဒီပွဲသရေကျလို့ ဆောက်သမ်တန်က ၁၄ မှတ်နဲ့ အဆင့် ၈ မှာ ရှိနေပြီး လီဗာပူးကလည်း ၁၄ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up