A d v e r t i s e m e n t With Us

ဂျပန်နိုင်ငံ ကာဝါစကီမြို့က ဟောလ၀င်းပွဲတော် (ရုပ်သံ)

ဂျပန်နိုင်ငံ ကာဝါစကီမြို့မှာ နှစ်စဉ်ပြုလုပ်နေကျ ဟောလ၀င်း Halloween ပွဲတော်ကို အောက်တိုဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။ ဒီနှစ် ချီတက်ပွဲမှာ လူ ၂၅၀၀ လောက် ပါဝင်ဆင်နွှဲပြီး ကြည့်ရှုအားပေးတဲ့ ပရိသတ်က တသိန်းကျော်ပါတယ်။ ချီတက်သူတွေဟာ ကိုယ့်စိတ်ကြိုက်ဝတ်စုံတွေကို ၀တ်ဆင်ကြတဲ့ အထဲမှာ ဟောလီဝုဒ် ရုပ်ရှင်ထဲက နာမည်ကျော် ဇာတ်ကောင်တွေ ဖြစ်တဲ့ Jack Sparrow နဲ့ Super Mario တို့လို ၀တ်စားထားသူတွေလည်း ပါဝင်ပါတယ်။ လူကြိုက်များတဲ့ Star Wars ရုပ်ရှင်ထဲက ဇာတ်ကောင်တွေအတိုင်း ၀တ်ဆင်ထားသူတွေ လည်း ၁၀၀ ကျော် ပါဝင်ပါတယ်။ ကာဝါစကီမြို့မှာ ဒီနှစ်ပွဲတော်ကို တပတ်စောပြီး ပြုလုပ်ပေမ့ယ်လည်း ပရိသတ် အင်အားက အရင်နှစ်တွေကအတိုင်း စည်ကားပါတယ်။ ဟောလ၀င်း ပွဲတော်အချိန်မှာ ကြောက်စရာ ၀တ်စုံတွေ၊ ရယ်စရာ မောစရာ ၀တ်စုံတွေကို အပျော်သဘော ၀တ်ဆင်လေ့ရှိပါတယ်။ ကာဝါစကီပြီးရင် တိုကျိုမြို့မှာလည်း ဒီလို ပျော်ပွဲရွှင်ပွဲကို လာမယ့် ရက်တွေအတွင်းမှာ ပြုလုပ်ဖို့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up