မြိတ်မြို့တွင်း အန်အယ်လ်ဒီ အင်အားပြလှည့်လည် (ရုပ်သံ)

1.3K
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အောက်တိုဘာလ ၂၅ ရက်နေ့က မြိတ်မြို့တွင်း အင်အားပြလှည့်လည်ခဲ့ပါတယ်။
မြိတ်မြို့အတွင်းရှိ ကန်ခေါင်းရပ်ကွက် စကားဝါလမ်း၊ အလယ်ကျွန်းနယ်မြေ ကန်ဘောင်ရိုးလမ်း၊ မြိတ်တောင်နယ်မြေ ဘုရားကိုင်လမ်း၊ ထားဝယ်ကမ်းနှင့် မြို့သစ်လမ်းများအပါဝင် နောက်လယ်ရပ်ကွက် တလိုင်းစုရပ်ကွက်၊ ထားဝယ်စုရပ်ကွက်၊ သာကေတရပ်ကွက်နဲ့ ကန်ဖျားလမ်းမကြီးတို့မှာ လှည့်လည် အင်အားပြခဲ့ကြတာပါ။
မော်တော်ကားအစီးရေ ၅၀၀ နဲ့ချီ မော်တော်ဆိုင်ကယ်အစီးရေ ၁၀၀၀၀ နဲ့ချီပြီး အင်န်အယ်လ်ဒီကို ထောက်ခံသူ မြို့ခံတွေက ကြိုဆိုထောက်ခံအားပေးခဲ့ပြီး လမ်းဘေး ၀ဲယာမှ စေတနာရှင်တွေက ရေသန့်ဗူး၊ အချိုရည်ဗူးတွေ၊ မုန့်တွေနဲ့ ကျွေးမွေးကြိုဆို ခဲ့ကြပါတယ်။
ရုပ်သံသတင်း - ကိုဘိတ်