အက်စတွန်ဗီလာအသင်း နည်းပြ တင် ရှားဝုဒ်ကို ထုတ်ပယ်

ဓာတ်ပုံ - ရိုက်တာ
1K
ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းက နည်းပြ တင် ရှားဝုဒ်ကို ထုတ်ပယ် လိုက်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ အောက်တိုဘာလ ၂၄ ရက်နေ့က အိမ်ကွင်း ပွဲစဉ်မှာ ဆွမ်ဆီကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။
ဗီလာအသင်းရဲ့ ထုတ်ပြန်ချက်မှာတော့ ဘုတ်အဖွဲ့အနေနဲ့ လက်ရှိ ရလဒ်တွေကို လက်မခံနိုင်တဲ့အတွက် အပြောင်းအလဲကို မဖြစ်မနေ လုပ်ရလိမ့်မယ်လို့ ရေးသားထားပါတယ်။
လောလောဆယ် ဗီလာ နည်းပြ ရာထူးနေရာမှာ မန်ယူ နည်းပြဟောင်း ဒေးဗစ် မိုရက်စ်က ထိပ်ဆုံးကနေ ရေပန်းစား နေပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ကစားပြီးတဲ့ ၁၀ ပွဲမှာ ၁ ပွဲပဲ နိုင်သေးပြီး ၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့အောက်ဆုံးမှာ ရပ်တည်နေပါတယ်။