ဒီလ ၂၄ ရက်နေ့က ၈၄ လမ်း ဗုံးပေါက်ကွဲမှုပြီးတဲ့နောက်ပိုင်း မန္တလေးမြို့မှာ ဒီကနေ့ နေ့ခင်းပိုင်းက ဗုံးလန့်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ၂၄ လမ်း၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားမှာ တည်ရှိတဲ့ အမှတ် ၁ အထက်တန်းကျောင်းမှာ ဒီကနေ့ မွန်းလွဲပိုင်းက ဗုံးတွေ့တယ်ဆိုတဲ့ ကောလာဟလ ထွက်ပေါ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ဗုံးတွေ့တယ်လို့ပဲ ပြောကြတယ်။ အမှတ် ၁ ကျောင်း နားမှာ၊ ကျောင်းရဲ့ အုတ်တံတိုင်းရဲ့ဘေးမှာ။ ကလေးတွေ ကျောင်းပြန်တက်တဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ တွေ့တယ်လို့ ပြောတယ်။ ဒါပေမယ့် ကောလာဟလ ဆိုပြီးတော့ မိဘတွေကလည်း စိတ်မချလို့ လာပြန် ခေါ်တာနဲ့ ရှုတ်ယှပ်ခတ်ကုန်တယ်။ ကောလာဟလ လို့တော့ လော်စပီကာနဲ့ အော်ပြောတယ်။ မဟုတ်ပါဘူးဆိုပြီး ပြောတာတော့ ရှိတယ်။”
ဒီလ ၂၄ ရက်နေ့ မန္တလေး ၈၄ လမ်း ပေါက်ကွဲမှုနဲ့အတူ နေပြည်တော်နဲ့ ပြင်ဦးလွင်မြို့တွေမှာ ပြိုင်တူပေါက်ကွဲမှုတွေကြောင့် ကားတစီး နေအိမ် ၂ နှစ်လုံး ပျက်စီးခဲ့ပြီး လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း အစိုးရက တရားဝင် ဒီပေါက်ကွဲမှုတွေကို ပူးပေါင်းကြံစည် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ၃ ဦးရဲ့ နာမည်စာရင်းကို အစိုးရက ဒီလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။