A d v e r t i s e m e n t With Us

အမေရိကန်တွင် အမျိုးသမီးတဦး အရက်မူးပြီး ကားဖြင့် လူအုပ်ထဲဝင်တိုက်

အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်မှာ အရက်မူးပြီး ကားကို လူအုပ်ထဲကို အရှိန်နဲ့ ၀င်တိုက်လို့ လူ ၄ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိပါတယ်။ အိုကလာဟိုးမားပြည်နယ်တက္ကသိုလ်မှာ ကျင်းပနေကြ ပွဲတော်တခုဖြစ်တဲ့ ကျောင်းသားဟောင်းများ လမ်းလျှောက်ချီတက်ပွဲမှာ ကြည့်ရှုနေတဲ့ပရိသတ်တွေကို ၀င်တိုက်ခဲ့တာပါ။ အရက်မူးပြီး ကားမောင်းနှင်မှုနဲ့ အသက် ၂၅ နှစ်အရွယ် မြို့ခံအမျိုးသမီးကို ဖမ်းဆီးထားပါတယ်။ ကားတိုက်တဲ့အရှိန်က ပြင်းလွန်းတဲ့အတွက် တိုက်ခံရသူ ၁၀ ဦးကျော် လေထဲ လွှင့်ပျံသွားတယ်လို့ မျက်မြင်တွေက ပြောဆိုပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံး ကားတိုက်မှုတမှု ဖြစ်တယ်လို့ အိုကလာဟိုးမားပြည်နယ် ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ပထမပိုင်းမှာ ၃ ဦးပဲ သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် အသက် ၂ နှစ်အရွယ် ကလေးငယ်တဦး ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။ ကလေး ၅ ယောက်နဲ့ လူကြီး ၃ ယောက် ဆေးရုံတင်ပို့ထားပြီး တချို့ဒဏ်ရာပြင်းထန်တယ်လို့ ဆေးရုံအာဏာပိုင်တွေက ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် မြို့ခံတွေ ၀မ်းနည်းကြေကွဲကြရတယ်လို့ Stillwater မြို့ဝန်က ပြောဆိုပြီး ပြည်နယ်တက္ကသိုလ်ပါမောက္ခချုပ်ကလည်း ပျော်ပျော်ရွှင်ရွှင်ဖြစ်ရမယ့် ပွဲတော်တခုဟာ ဒီဖြစ်ရပ်ကြောင့် အကျည်းတန်ပျက်စီးခဲ့ရတယ်လို့ ပြောဆိုပါတယ်။  

A d v e r t i s e m e n t With Us

More News
Up