A d v e r t i s e m e n t With Us

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆွယ်စည်းရုံးပွဲ (ဓာတ်ပုံ)

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့မဲဆန္ဒနယ်အတွင်း ဒုတိယအကြိမ် မဲဆွယ်စည်းရုံးရေး ဒုတိယနေ့ကို အောက်တိုဘာ ၂၅ ရက် ဒီနေ့ မနက် ၈ နာရီခွဲမှာ စတင်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ ကော့မှူးအရှေ့ခြမ်းမှာရှိတဲ့ ပျားမွှတ်ရွာ၊ ဘို့တင်ရွာတို့မှာ စတင်ဟောပြောပါတယ်။ ဒါအပြင် ကျုံဒရယ်၊ သခွပ်၊ လက်ခုပ်ကုန်းအစပ်အထိသွားမယ်လို့ သိရပါတယ်။ အဖွဲ့ချုပ်ရဲ့ကိုယ်စားလှယ်တွေက တိုင်းပြည်တာဝန်တွေကို မထမ်းဆောင်နိုင်ဘူးဆိုရင် အဖွဲ့ချုပ်က အရေးယူသွားမယ်လို့ ဘို့တင်ရွာဟောပြောပွဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း၊ အောင်သူ  

A d v e r t i s e m e n t With Us

More News
Up