A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် ရေးကြီးရေလျှံ မြေပြိုမှုအန္တရာယ် ရှိနေဟု သတိပေး (ရုပ်သံ)

မက္ကဆီကိုနိုင်ငံကို ဖြတ်သန်းတိုက်ခတ်နေတဲ့ ပက်ထရီရှာ ဟာရီကိန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားခဲ့ပေမယ့် ရေကြီးရေလျှံမှု၊ မြေပြိုမှုအန္တရာယ် ရှိနေသေးတယ်လို့ မက္ကဆီကိုအာဏာပိုင်တွေက သတိပေးထားပါတယ်။ မုန်တိုင်းဟာ မက္ကဆီကိုကုန်းတွင်းပိုင်းကို မ၀င်ခင် အင်အားအပြင်းဆုံးမုန်တိုင်း အဆင့် ၅ ၀င်ခဲ့ပေမယ့် ကုန်တွင်းဝင်ရောက်ချိန်မှာပဲ ရုတ်တရက်အားကျသွားခဲ့တာပါ။ လူနေထူထပ်တဲ့ ဒေသတွေကို တိုက်ရိုက် မထိခိုက်ခဲ့တဲ့အတွက် အပျက်အစီးလည်း ထင်သလောက် မများခဲ့ပါဘူး။ ဒါပေမယ့် မုန်တိုင်းဟာ မိုးရေချိန် လက်မ ၂၀ အထိ ရွာသွန်းနိုင်သေးတယ်လို့ အမေရိကန်ဟာရီကိန်းမုန်တိုင်းဌာနက သတိပေးထားပါတယ်။ မုန်တိုင်းစ၀င်တဲ့နေ့က ကမ်းရိုးတန်းနေ ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို အတွင်းဘက်ဒေသတွေကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ မက္ကဆီကို အနောက်ပိုင်း တောင်ထူထပ်တဲ့ဒေသကို ဖြတ်သန်းချိန်မှာ အင်အားသိသိသာသာကျသွားပြီး အခုတော့ မက္ကဆီကိုအလယ်ပိုင်းကိုဖြတ်ပြီး အရှေ့မြောက်ဘက်ကို ဆက်လက်ရွှေ့လျားနေပါတယ်။ လက်ရှိအချိန်အထိ လူအသေအပျောက် ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up