ပရီးမီးယားလိဂ် အာဆင်နယ် ၂-၁ အဲဗာတန် (ရုပ်သံဟိုက်လိုက်)

1.8K
အောက်တိုဘာ ၂၄ ရက်ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက အဲဗာတန်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဇယားထိပ်ဆုံးကို တက်လှမ်းသွားပါတယ်။
အာဆင်နယ်အသင်းအတွက် အနိုင်ဂိုးတွေကို Olivier Giroud က ၃၆ မိနစ်မှာ ၁ ဂိုးနဲ့ ၃၈ မိနစ်မှာ Koscielny က ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။
အဲဗာတန်အသင်းအတွက် ခြေပဂိုးကိုတော့ ပထမပိုင်း ပြီးခါနီး ၄၄ မိနစ်မှာ Ross Barkley က သွင်းယူခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာတော့ တဖက်နဲ့တဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ အာဆင်နယ်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲအနိုင်ကြောင့် ရမှတ် ၂၂ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး အဲဗာတန်အသင်းကတော့ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။