A d v e r t i s e m e n t With Us

တယောက်လျော့ ချဲလ်ဆီး ၂ – ၁ ဂိုးဖြင့် ၀က်စ်ဟမ်းကို ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ ၀က်စ်ဟမ်းတို့ အောက်တိုဘာ ၂၅ ရက်ညက ယှဉ်ပြိင်ကြရာ ချဲလ်ဆီးအသင်းက အဝေးကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ ၀က်စ်ဟမ်းအသင်းက မော်ရို ဇာရက်တီ (Mauro Zarate) သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ပထမပိုင်း ပြီးခါနီးမှာ ချဲလ်ဆီးအသင်းက မာတစ် နှစ်ဝါတနီနဲ့ အထုတ်ခံရလို့ ကျန်ပွဲချိန်တွေကို ချဲလ်ဆီးအသင်း ၁၀ တည်းနဲ့ ကစားခဲ့ရပါတယ်။ ဒုတိယပိုင်းပြန်စချိန်မှာတော့ ချဲလ်ဆီးအသင်းဟာ တယောက် အထုတ်ခံရပေမယ့် ကစားပုံပိုကောင်းလာကာ ၀က်စ်ဟမ်းအသင်းကို ပြန်လည်ထိုးဖောက်ကစားခဲ့ပြီး ၅၆ မိနစ်မှာ ဂယ်ရီ ကာဟေးက သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၇၉ မိနစ်မှာ ၀က်စ်ဟမ်းအသင်းက လူစားဝင်ကစားသမား အန်ဒီကာရိုးက ခေါင်းတိုက်ပြီး အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီပွ ရှုံးနိမ့်သွားတာကြောင့် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး ၀က်စ်ဟမ်းအသင်းကတော့ အဆင့် ၃ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up