မျက်နှာတင်မက ကျန်းမာကြံ့ခိုင်ဖို့လည်း လိုတယ်လို့ တောင်ကိုရီးယား အမျိုးသမီးတွေက ခံယူလာပြီးတဲ့နောက် ကျန်းမာကြံ့ခိုင်မှု ပြိုင်ပွဲတွေမှာ ပိုမိုပါဝင်ဆင်နွှဲလာနေကြပါတယ်။
ခန္ဓာကိုယ်က ကြွက်သားတွေ လှပဖို့ အမျိုးသမီးတွေက ကျန်းမာရေး လေ့ကျင်ရုံမှာ သွားလေ့ကျင့်ပြီး ရုပ်ပိုင်းဆိုင်ရာ သန်မာမှုဟာလည်း အရေးကြီးတယ်ဆိုတာကို ပြသခဲ့ပါတယ်။
အရင်က မိတ်ကပ်တွေလိမ်းခြယ်၊ ပလစ်စတစ်ဆာဂျရီတွေက ခေတ်စားခဲ့ပေမယ့် အခုတော့ အမျိုးသမီး ကြံ့ခိုင်ရေး သင်တန်းတွေက ပိုမို လူကြိုက်များလာပါတယ်။
ဒီနှစ်ပိုင်းတွေမှာ နာမည်ကြီးတွေ အမျိုးသမီးတွေရဲ့ ကျန်းမာသန်စွမ်းတဲ့ ပုံရိပ်တွေက ပိုပြီး လူသိများလာတယ်လို့ ပုံမှန်လေ့ကျင့်နေတဲ့ တောင်ကိုရီးယား အမျိုးသမီးတွေက ပြောပါတယ်။
ကျန်းမာကြံခိုင်တဲ့ အမျိုးသမီးတွေထဲမှာတော့ ကေပေါ့ အမျိုးသမီးအဖွဲ့တွေ အမေရိကန် သမ္မတ ကတော် မစ်ရှယ်အိုဘားမားတို့ကလည်း လူသိများလာပါတယ်။
တောင်ကိုရီးယားက ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်တဲ့နေရာတွေမှာ စာရင်းပေးသွင်းတဲ့ အမျိုးသမီးတွေဟာလည်း လွန်ခဲ့တဲ့ ၅ နှစ်ကထက်စာရင် ၅ ရာခိုင်နှုန်းတိုးတက်လာပါတယ်။