Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပထမဆုံး Pizza Hut ဆိုင် ရန်ကုန်တွင် ဖွင့်လှစ်
DVB
·
October 24, 2015
နိုင်ငံတကာအနှံ့ ဆိုင်ခွဲတွေ အများအပြား ဖွင့်လှစ်ရောင်းချနေတဲ့ ကမ္ဘာကျော် ပီဇာကုမ္ပဏီ  Pizza Hut ရဲ့ ဆိုင်ခွဲတခုကို  မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်လိုက်ပါတယ်။ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဓမ္မစေတီလမ်းနဲ့  ရွှေတောင်ကြားလမ်းရှိ  စီးတီးမတ်ခ် Marketplace မှာ အောက်တိုဘာ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်လိုက်တာပါ။ ကမ္ဘာ့နိုင်ငံတွေအနှံ့ စားသောက်ဆိုင်ခွဲတွေ ဖွင့်လှစ်ရောင်းချနေတဲ့ KFC ကြက်ကျော်ဆိုင် ရန်ကုန်မှာ မကြာသေးခင်က ဖွင့်လှစ်လိုက်ပြီးနောက် Pizza Hut ကုမ္ပဏီကလည်း ခုလို ဖွင့်လှစ်လာတာဖြစ်ပါတယ်။ လတ်တလော ဆိုင်ဖွင့်ချိန်တွေကို နေ့လယ်စာအတွက် မနက် ၁၁ နာရီခွဲကနေ မွန်းလွဲ ၂ နာရီခွဲထိ သတ်မှတ်ထားပြီး ညစာအတွက် ညနေ ၆ နာရီကနေ ည ၉ နာရီအထိ သတ်မှတ်ထားပါတယ်။ လာမယ့်နိုဝင်ဘာလဆန်းလောက်မှာ နေ့စဉ် ပုံမှန် မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်လှစ်ဖို့ရှိနေပါတယ်။ လတ်တလော တခြားနိုင်ငံတွေမှာလို အိမ်အရောက်ပို့ပေးတဲ့ ၀န်ဆောင်မှု မစတင်နိုင်သေးဘဲ ဈေးနှုန်းကတော့ ပီဇာ အမျိုးအစားနဲ့ အရွယ်အစားအပေါ်မူတည်ပြီး ကျပ် ၁ သောင်းဝန်းကျင်ကနေ ၂ သောင်းဝန်းကျင်ရှိပါတယ်။ 12112316_1486403628330471_6421103669116195464_nPizza Hut ဆိုင်ကို ဒန်ကာနေးနဲ့ ဖရန့်ကာနေးတို့ အမေရိကန်ညီနောင် ၂ ဦးက  သူတို့ရဲ့မိခင်ဆီက ဒေါ်လာ ၆၀၀ ကို ချေးယူပြီး အမေရိကန်ပြည်ထောင်စု ကန်းဆက်ပြည်နယ်မှာ ၁၉၅၈ ခုနှစ်က  ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ခုနှစ်ပေါင်း ၆၀ လောက်အကြာမှာတော့ အမေရိကန်မှာ Pizza Hut ဆိုင်ခွဲပေါင်း ၆၀၀၀ ကျော်နဲ့ နိုင်ငံပေါင်း ၉၄ နိုင်ငံမှာ ၅၁၃၉ ဆိုင်၊ စုစုပေါင်း ကမ္ဘာတ၀န်းဆိုင်ခွဲပေါင်း ၁၁၁၃၉ ဆိုင်ဖွင့်လှစ်ထားတယ်လို့ ၀ီကီပီဒီယာ ၀က်ဘ်ဆိုက်မှာရေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024